ပေါ့ဂ်ဘာနှင့် အီဗရာဟီမိုဗစ်တို့ မန်ယူအသင်းတွင် ပြန်လည်ပါ၀င်လာတော့မည်

ပေါ့ဂ်ဘာနှင့် အီဗရာဟီမိုဗစ်တို့ မန်ယူအသင်းတွင် ပြန်လည်ပါ၀င်လာတော့မည်

 

နိုဝင်ဘာ ၁၇၊ အင်္ဂလန် ။                              ။ ဒဏ်ရာကြောင့် ကာလကြာရှည်အနားယူနေရသည့် မန်ယူအသင်း၏အဓိက ကစားသမားများဖြစ်သော ပေါ့ဂ်ဘာနှင့် အီဗရာဟီမိုဗစ်တို့သည်   လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး နယူးကာဆယ်နှင့်ပွဲစဉ်တွင် ပြန်လည်ပါ၀င်လာဖွယ်ရှိနေကြသည်။

ပေါ့ဂ်ဘာမှာ တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့သည့်စက်တင်ဘာလကတည်းက အနားယူနေခဲ့ရပြီး ပွဲစဉ် ၁၂ ပွဲ လွဲချော်ခဲ့သည်။ မိုဗစ်မှာမူ ပြီးခဲ့သည့်နှစ် ဧပြီလကတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရသူ ဖြစ်သည်။

ပေါ့ဂ်ဘာမှာ အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေသည်မှာ ရက်သတ္တပတ်အနည်းငယ်ကြာပြီဖြစ်ပြီး မိုဗစ်မှာမူ ပြီးခဲ့သည့် သုံးရက်ကမှ အသင်းနှင့်လေ့ကျင့်ခန်းပြန်ဆင်းခြင်းဖြစ်သည်။ ၎င်းတို့မှာ လေ့ကျင့်ခန်းအပြည့်အဝပြန်ဆင်းနေပြီဖြစ်သော်လည်း နည်းပြမော်ရင်ဟိုက မည်သို့ ဆုံးဖြတ်မည်ကို မသိရှိရသေးပေ။

မိုဗစ်ကတော့ ၎င်းအနေဖြင့် ဘောလုံးကွင်းထဲပြန်လာရန် လုံးဝသံသယမရှိခဲ့ကြောင်း ပြောသည်။

“အကောင်းဆုံးပုံစံနဲ့ပြန်လာမယ်လို့ ကျွန်တော်ဆုံးဖြတ်ပြီးသားပါ။ ဒဏ်ရာမရခင်ကထက် ပိုပြီး သန်မာလာပါပြီ။ ဒါက ကျွန်တော့်ရည်မှန်းချက်ပါပဲ။ ဖြစ်လာပါလိမ့်မယ်။ အခြားရွေးချယ်စရာဘာမှမရှိပါဘူး” ဟု မိုဗစ်က ပြောဆိုခဲ့သည်။

မိုဗစ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် ၂၈ ဂိုးအထိသွင်းယူပေးခဲ့သူ ဖြစ်သည်။ ယမန်နှစ်က ကျောနံပါတ် ၉ ကို ၀တ်ဆင်ခဲ့ပြီး ယခု ကျောနံပါတ် ၁၀ ကို ၀တ်ဆင်ကစားမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required