ဒါရင့်ဝါတာနှင့် မိုက်ကယ်ကင်းတို့ရဲ့ အပြောင်းအရွှေ့များမှ မန်ယူအသင်း ပေါင် (၁၀)သန်းနီးပါး ရရှိ

ဒါရင့်ဝါတာနှင့် မိုက်ကယ်ကင်းတို့ရဲ့ အပြောင်းအရွှေ့များမှ မန်ယူအသင်း ပေါင် (၁၀)သန်းနီးပါး ရရှိ

မန်ယူအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း ကွင်းလယ်လူ ဒရင့်ဝါတာနှင့် နောက်ခံလူ မိုက်ကယ်ကင်းတို့ရဲ့ အပြောင်းအရွှေ့များမှ ပေါင် ၁၀ သန်းနီးပါး ရရှိခဲ့တယ်လို့ Sky Sports သတင်းက ဖော်ပြထားပါတယ်။

ဘန်လေမှ အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ခဲ့တဲ့ မိုက်ကယ်ကင်းရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၃၀ နှင့် ဒါရင့်ဝါတာဟာ လက်စတာစီးတီးမှ ချယ်လ်ဆီးအသင်းသို့ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး မန်ယူအသင်းဟာ ၎င်းတို့ နှစ်ဦးထံမှ စုစုပေါင်း ပေါင် ၉.၃ သန်း အမြတ်ရရှိခဲ့ပါတယ်။

၎င်းကစားသမားများမှာ မန်ယူအကယ်ဒီထွက်များဖြစ်ပြီး ၎င်းတို့ကို sell-on clauses အရ ရောင်းချခဲ့ချိန်က ထည့်သွင်းခဲ့တဲ့ သဘောတူညီချက်အရ ပြောင်းရွှေ့ကြေးကို အချိုးကျခံစားခွင့်ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိုက်ကယ်ကင်းဟာ ဘန်လေအသင်းထံ မပြောင်းရွှေ့ခင်အထိ မန်ယူအသင်းအတွက် ၅ ပွဲကစားခဲ့ပြီး ဒရင့်ဝါတာမှာတော့ မန်ယူအတွက် ကစားဖူးပေးခြင်း မရှိဘူးလို့ သိရပါတယ်။

Ref; Sky Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required