ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ဥပဒေနှင့် အညီရွေးချယ်ရေး ပြည်ခိုင်ဖြိုးတိုက်တွန်း

ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ဥပဒေနှင့် အညီရွေးချယ်ရေး ပြည်ခိုင်ဖြိုးတိုက်တွန်း

နိုဝင်ဘာ ၁၆ ။              ။ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဥပဒေနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ရွေးချယ်သွားရန်တိုက်တွန်းကြောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများကို ချိုးဖောက်၍ လူတစ်ဦး၊ အဖွဲ့အစည်း တစ်ခုအကျိုးစီးပွားအတွက် ဆောင်ရွက်ပေးမည့်သူကို အုပ်ချုပ်ရေးမှူးအဖြစ် မခန့်အပ်သင့်ကြောင်းသတင်းထုတ်ပြန်ချက်တစ်ရပ်ကို  ပြည်ခိုင်ဖြိုးပါတီက ယနေ့ ထုတ်ပြန်ခဲ့သည်။

အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ပြည်သူ့ဆန္ဒကို မျက်ကွယ်မပြုသင့်ကြောင်းနှင့် ဥပဒေပါ လုပ်ငန်းတာဝန်များကို ဥပဒေပါလုပ်ငန်းတာဝန်များကို ကျော်လွန်မလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ လက်ရှိအချိန်တွင်လွှတ်တော်ကိုယ်စားလှယ်အချို့သည် အုပ်ချုပ်ရေးကိစ္စကို ကျော်လွန်ဆောင်ရွက်ခြင်းများ ကြားသိနေရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင်ဥပဒေ ပုဒ်မ ၉(ဆ) ဖြစ်သော အကြံပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းထက်ကျော်လွန်လုပ်ဆောင်မှုများ ကြားသိနေရသည်ဟုလည်း ပြည်ခိုင်ဖြိုးပါတီက စွပ်စွဲထားသည်။

ရက်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရက အသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required