ဒွိန်းဂျွန်ဆင်၏သမီး ဆိုင်မွန်ဂါစီယာဂျွန်ဆင်အား ရွှေကမ္ဘာလုံးဆုပေးပွဲ၏သံတမန်အဖြစ်ခန့်အပ်

ဒွိန်းဂျွန်ဆင်၏သမီး ဆိုင်မွန်ဂါစီယာဂျွန်ဆင်အား ရွှေကမ္ဘာလုံးဆုပေးပွဲ၏သံတမန်အဖြစ်ခန့်အပ်

 

မင်းသားကြီးဒွိန်းဂျွန်ဆင်နှင့် ဒန်နီဂါစီယာတို့၏ သမီးဖြစ်သူ ဆိုင်မွန်ဂါစီယာဂျွန်ဆင်အား ရ၅ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲ၏ ေ ရွှကမ္ဘာလုံးသံတမန်အဖြစ်   ဟောလိ၀ုဒ်နိုင်ငံရပ်ခြား စာနယ်ဇင်းအသင်း(HFPA) က ရွေးချယ်ခန့်အပ်ခဲ့သည်။

HFPA ၏ဥက္ကဌဖြစ်သူ မီဟာတက်နာက အဆိုပါကြေညာချက်ကို ဗုဒ္ဓဟူးနေ့ညနေပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

“၇၅ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကြီးကို စောင့်ဆိုင်းနေစဉ်မှာ ဟောလိ၀ုဒ်နိုင်ငံရပ်ခြားစာနယ်ဇင်းအသင်း HFPA ရဲ့ အဖွဲ့ဝင်တွေဟာ အဖွဲ့ရဲ့တစ်နှစ်တာပရဟိတ လှုပ်ရှားမှုတွေကို တိုးချဲ့လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။ ဂုဏ်ထူးဆောင်အဖြစ်ရွေးချယ်ခံရသူဟာ ရွှေကမ္ဘာလုံးသံတမန်အဖြစ် ကိုယ်စားပြုရမှာဖြစ်ပြီး ဒီရိုးရာ ဓလေ့ကိုဆက်ခံဖို့ ဆိုင်မွန်ထက်ပိုကောင်းမွန်တဲ့သူကို စဉ်းစားလို့မရပါဘူး။ သူမမှာ HFPA အဖွဲ့လိုချင်တာတွေ အားလုံးနဲ့ ကိုက်ညီမှုရှိပါတယ်” ဟု သူမက ပြောခဲ့သည်။

“HFPA က ကြီးမှူးပြုလုပ်မယ့် ရ၅ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ ဂုဏ်ထူးဆောင်သံတမန်အဖြစ် ရွေးချယ် ခံရတဲ့အတွက် ကျွန်မကိုယ်ကျွန်မ ကံအရမ်းကောင်းတယ်လို့ ခံစားရပါတယ်။ ရွှေကမ္ဘာလုံးသံတမန်အသစ်တစ်ဦး အနေနဲ့ နေရာတိုင်းက လူငယ်တွေအတွက် စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်ထမ်းဆောင်ပြီး သူတို့တွေစိတ်အားထက် သန်တဲ့အရာတွေကို ထုတ်ဖော်ပြောဆိုရဲဖို့ အားပေးသွားမှာဖြစ်ပါတယ်” ဟု ဆိုင်မွန်ဂျွန်ဆင်က ပြောခဲ့သည်။

၇၅ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို လာမည့်ဇန်နဝါရီလ ရ ရက်နေ့တွင် ဘီဗာလီဟေးလ်ဟော်တယ်၌ ကျင်းပမည်ဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။ အဆိုပါရွှေကမ္ဘာလုံးသံတမန်ဂုဏ်ထူးအတွက် မင်းသားကြီးစတားလုံး၏ သမီးဖြစ်သူများလည်း အရွေးချယ်ခံခဲ့ရဖူးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required