ဒဏ်ရာပြဿနာကြောင့် မာရှယ်ယာနို (၁) လခန့် အနားယူရမည်

ဒဏ်ရာပြဿနာကြောင့် မာရှယ်ယာနို (၁) လခန့် အနားယူရမည်
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်း နောက်ခံလူ မာရှယ်ယာနိုဟာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် တစ်လခန့် အနားယူရမှာဖြစ်တယ်လို့ စပိန်ကလပ်အသင်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အာဂျင်တီးနား နောက်ခံကစားသမားဟာ အင်္ဂါနေ့က နိုင်ဂျီးရီးယားအသင်းနှင့် ခြေစမ်းပွဲမှာ အဆိုပါဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

“မာရှယ်ယာနိုဟာ ၄ ပတ်ဝန်းကျင် အနားယူရဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။”လို့ ဘာစီလိုနာအသင်းက ကြေညာချက်ထဲမှာ အတည်ပြုခဲ့ပါတယ်။

အာဂျင်တီးနားက နိုင်ဂျီးရီးယားကို ၄-၂ ဂိုးနဲ့ ရှုံးတဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ မာရှယ်ယာနိုဟာ မိနစ် ၉၀ ကစားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် လာလီဂါမှာ ၆ ပွဲ၊ ချန်ပီယံလိဂ်မှာ ၂ ပွဲ၊ စပိန်ဘုရင့်ဖလားမှာ ၁ ပွဲနှင့် စပိန်စူပါဖလားမှာ ၁ ပွဲ၊ စုစုပေါင်း ၁၀ ပွဲ ကစားထားပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required