၃၁ သင်းမြောက်အသင်းအဖြစ် သြစတြေးလျအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်

၃၁ သင်းမြောက်အသင်းအဖြစ် သြစတြေးလျအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်

နိုဝင်ဘာ ၁၅၊ သြစတြေးလျ ။            ။ သြစတြေးလျအသင်းဟာ အိမ်ကွင်းမှာ ဟွန်ဒူးရပ်စ်ကို ၃-၁ ဂိုးနဲ့အနိုင်ယူပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ပထမအကျော့ဟွန်းဒူးရပ်စ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပြီး အိမ်ကွင်းမှာတော့ သြစတြေးလျတို့က ဂျီဒီနက်ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။ ဗီလာကွင်းလယ်ကစားသမား ဂျီဒီနက်ဟာ ဒီပွဲမှာ ခြေစွမ်းပြပြီး အနိုင်ဂိုးသုံးဂိုးစလုံးကို သွင်းယူပေးခဲ့ပါတယ်။ ပထမဂိုးက ဖရီးကစ်ကနေ နောက်ခံလူနဲ့ထိကာလမ်းကြောင်းပြောင်းဂိုးဝင်ခဲ့တာဖြစ်ပြီး နောက်နှစ်ဂိုးက ပင်နယ်တီတွေဖြစ်ပါတယ်။

ဟွန်ဒူးရပ်စ်အသင်းဟာ ဒီပွဲမှာ သြစတြေးလျကို မယှဉ်နိုင်ခဲ့ဘဲ ချေပဂိုးတစ်ဂိုးကို နာကျင်အချိန်ပို ၉၄ မိနစ်ရောက်မှ သွင်းယူနိုင်ခဲ့ပါတယ်။

သြစတြေးလျအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကိုဝင်ခွင့်ရရှိတဲ့ ၃၁ သင်းမြောက်အသင်းဖြစ်ပြီး လက်ကျန်တစ်နေရာသာ ကျန်ရှိပါတော့တယ်။ နိုဝင်ဘာ ၁၆ မှာ ယှဉ်ပြိုင်မယ့် ပီရူးနဲ့နယူးဇီလန်တို့ပွဲက အနိုင်ရတဲ့အသင်းက နောက်ဆုံးလက်ကျန်တစ်နေရာကို ရရှိမှာ ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required