အဲရစ်ဆင်ရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ဒိန်းမတ်

အဲရစ်ဆင်ရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ဒိန်းမတ်

နိုဝင်ဘာ ၁၅၊ ဒဗ္ဗလင် ။            ။ ဒိန်းမတ်အသင်းဟာ အိုင်ယာလန်အသင်းကို အဝေးကွင်းမှာ ၁-၅ ဂိုးနဲ့ဂိုးပြတ်အနိုင်ရပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။

ပထမအကျော့တုန်းက ဒိန်းမတ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် အခု အိုင်ယာလန်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာတော့ ဒိန်းမတ်တို့ဟာ စပါးကွင်းလယ်လူ အဲရစ်ဆင်ရဲ့ ခြေစွမ်းပြမှုနဲ့အနိုင်ရသွားခဲ့ပါတယ်။

အိုင်ယာလန်အသင်းဟာ ပွဲချိန် ၆ မိနစ်မှာပဲ ဒပ်ဖီရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ခရစ္စတီက ၂၉ မိနစ်မှာ ကိုယ့်ဂိုးကို ပြန်သွင်းမိခဲ့လို့ ချေပဂိုးပေးခဲ့ရပါတယ်။ အဲ့ဒီနောက် အဲရစ်ဆင်က ခြေစွမ်းပြပြီး ၃၂၊ ၆၃နဲ့ ရ၃ မိနစ်တွေမှာ သုံးဂိုးဆက်တိုက်သွင်းယူလိုက်လို့ ဒိန်းမတ်တို့ခြေစစ်ပွဲအောင်ဖို့ သေချာသွားခဲ့ပါတယ်။ နောက်ဆုံးဂိုးကိုတော့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဘန်တနာက မိနစ် ၉၀ မှာ ပင်နယ်တီကနေတစ်ဆင့်သွင်းယူပေးခဲ့ပါတယ်။

ဒိန်းမတ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ငါးကြိမ်မြောက် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်က နောက်ဆုံးခြေစစ်ပွဲအောင်ထားပြီး ၈ နှစ်အကြာမှာ ခြေစစ်ပွဲ   ပြန်လည်အောင်မြင်ခဲ့တာပါ။

သုံးဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တဲ့ အဲရစ်ဆင်က “ပုံမှန်ဆိုရင် ကျွန်တော့်အနေနဲ့ ဟက်ထရစ်သွင်းနိုင်လေ့ မရှိပါဘူး။ ဒီဂိုးတွေနဲ့ အိုင်ယာလန်ကိုအနိုင်ယူပြီး ကိုယ့်နိုင်ငံကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့တာက တကယ်ကို မယုံကြည်နိုင်စရာပါပဲ။ ဒါက ကျွန်တော့်ရဲ့ကစားသမားဘဝနဲ့ ကိုယ်ပိုင်ဘဝတစ်လျှောက်လုံးအတွက် အဓိပ္ပါယ်တွေအများကြီးရှိပါတယ်။ အောင်မြင်မှုအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly