ဖိလစ်ပိုင်က အာဆီယံ ဥက္ကဌတာဝန်အား စင်ကာပူသို့ လွှဲအပ်

ဖိလစ်ပိုင်က အာဆီယံ ဥက္ကဌတာဝန်အား စင်ကာပူသို့ လွှဲအပ်

 

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၇ ခုနှစ်အတွက် အာဆီယံဥက္ကဌရာထူးအား အပြီးသတ်ပြီး နိုဝင်ဘာ ၁၄ ရက် ညနေတွင် စင်ကာပူသို့ တာဝန်လွှဲပြောင်းပေးအပ်သည်။

အာဆီယံခေါင်းဆောင်များ ရှေ့မှောက်တွင် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အာဆီယံသင်္ကေတ အသေးစားတူအား စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းထံ ၂၀၁၈ အာဆီယံဥက္ကဌ ကိုယ်စားပြုမှုအဖြစ် ပေးအပ်သည်။

အာဆီယံဥက္ကဌရာထူးတာဝန်သည် အဖွဲ့ဝင် ဆယ်နိုင်ငံကြား နှစ်စဉ်အလှည့်ကျ ထမ်းဆောင်ကြခြင်းဖြစ်သည်။

၃၁ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများအား မနီလာတွင် နိုဝင်ဘာ ၁၁ မှ ၁၄ ရက်အထိ ကျင်းပခဲ့ပြီး ဒေသတွင်း အဖွဲ့ကြီး၏ ခေါင်းဆောင်မှုကို ဖိလစ်ပိုင်က နိုင်နင်းစွာ အဆုံးသတ်ခဲ့သည်။

ဖိလစ်ပိုင်က ယင်းဥက္ကဌတာဝန်ယူစဉ် အာဆီယံနှစ်ငါးပြည့်မြောက်သည့် အချိန်အခါလည်း ဖြစ်သည်။ အာဆီယံအဖွဲ့ကြီးကို ၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်က အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံတို့က ဘန်ကောက်ကြေညာချက်ကို လက်မှတ်ထိုးကာ ငါးနိုင်ငံအာဆီယံနိုင်ငံများအဖြစ် စတင်ထူထောင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ အတွက် စင်ကာပူ၏ ဥက္ကဌတာဝန်ယူခြင်းသည် “အသွင်သစ်ဖြင့် ကြံ့ခိုင်သော အဖွဲ့ကြီး” ဖြစ်စေမည်ဟု လီရှန်လွန်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly