၂၀၁၇ စာပေညီလာခံတွင် ပုဒ်မ ၆၆ ဃ ကိစ္စ ဆွေးနွေးမည်

၂၀၁၇ စာပေညီလာခံတွင် ပုဒ်မ ၆၆ ဃ ကိစ္စ ဆွေးနွေးမည်

ရန်ကုန် နိုဝင်ဘာ ၁၂ ။         ။ မြန်မာစာပေလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး စာနယ် ဇင်းဆရာများခြိမ်းခြောက်ခံနေရသည်ဆိုသော ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆ ဃ ကဲ့သို့ကိစ္စရပ်များကိုလည်း ၂၀၁၇ စာပေညီလာခံတွင် ထည့်သွင်းဆွေးနွေးသွား မည်ဟု စာပေညီလာခံကျင်းပရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ စာရေးဆရာဟိန်းလတ်က ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့တော် ခန်းမတွင် ပြုလုပ်ခဲ့သည့် စာပေညီလာခံ ၂၀၁၇ ကျင်းပမည့် အစီအစဉ်များနှင့်ပတ်သက်ပြီး စာနယ် ဇင်းရှင်းလင်းပွဲတွင် မဇ္ဈိမသို့ပြောကြားခဲ့ခြင်းဖြစ် သည်။

" စာပေညီလာခံရဲ့ဆောင်ပုဒ်ကိုက လွတ်လပ်သော စာပေ၊ လွတ်လပ်သောအသံ၊ စာပေလွတ်လပ်ခွင့် ကို ထိန်းချုပ်ထားတဲ့ဥပဒေတွေ၊ ပုဒ်မတွေ၊ လွတ်လပ်ခွင့်အတွက် အခက်အခဲတွေ၊ နောက် စာပေဟောပြောပွဲကျင်းပခွင့်တွေအတွက် ဘယ်နေ ရာက ခွင့်မပြုဘူး၊ ဘာထောက်ခံစာယူရမယ်၊ အဲဒီ ပုံအတားအဆီးတွေကို ဘယ်လိုဖြေရှင်း ပေးမလဲ ဒါတွေကိုလည်း ဆွေးနွေးသွားမယ်" ဟု စာရေး ဆရာဟိန်းလတ်က ပြောကြားသည်။

စာပေညီလာခံတွင် ဆွေးနွေးမည့်စာပေဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို အစိုးရသို့တင်ပြနိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန က လိုအပ်သည့် ကူညီဆောင်ရွက်ခြင်းများက လွဲ၍ အစိုးရမပါဘဲ လွတ်လပ်စွာပြုလုပ်သွား မည်ဟု စာရေးဆရာဟိန်းလတ်က ဆက်လက်ပြောသည်။

" အရင်းအစိုးရအဆက်ဆက်လက်ထက်မှာ စာပေ လုပ်သားအဖွဲ့၊ စာပေနှင့်စာနယ်ဇင်းအဖွဲ့ စာရေး ဆရာအသင်းဆိုပြီး ပြန်ကြားရေးဝန်ကြီးလက် အောက်က အဖွဲ့တွေကို ဖွဲ့တယ်၊ စာပေညီလာခံ လုပ်တယ်၊ ဒါပေမယ့် အဲဒါတွေက မလွတ်လပ်ဘူး၊ ဘာကြောင့်လဲဆိုတော့ အစိုးရက လုပ်ခိုင်းတာ၊ အစိုးရက ဒါတွေဆွေးနွေး၊ ဒါတွေ ထောက်ခံ လုပ်ခိုင်းတာ၊ ကျွန်တော်တို့က အခု ကိုယ့်ဟာ ကိုယ်လုပ်တာ ။ အစိုးရမလုပ်ခိုင်းဘူး၊ အစိုးရလုံးဝ မပါသော အစိုးရက ဝင်ရောက်စွက်ဖက်မှု လုံးဝ မရှိသော စာရေးဆရာများရဲ့လွတ်လပ်သော အသံ တွေကို ပထမဆုံးကြားရမယ့် စာပေညီလာခံပါ" ဟု စာရေးဆရာဟိန်းလတ်က ပြောသည်။

ရုပ်ပိုင်းဆိုင်ရာ သာယာလှပရေးနှင့်စာပေအကျိုးကျေးဇူး ဆက်စပ်ပုံကိုလည်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသွားခဲ့သည်။

" ဘယ်လောက်ပဲမြို့တော်ကြီး သာယာလှပအောင် လုပ်လုပ် စိတ်တွေက ဖျက်လိုဖျက်ဆီးတဲ့စိတ်၊ စော်စော်ကားကားလုပ်ချင်တဲ့စိတ်၊ ခြေထိုးချင်တဲ့ စိတ်၊ သူများတကာကို မနာလိုတဲ့စိတ်တွေကို ကျွန်တော်တို့ဆီမှာ တဖွားဖွားပေါ်ပေါက်လာတာ အရင်က စနစ်တကျများမွေးထုတ်ခဲ့သလားလို့ ထင်ခဲ့ရလောက်အောင်ကို ဖြစ်လာတော့ အဲဒီလူ တွေရဲ့စိတ်ဓါတ်တွေ ဘယ်လိုပြုပြင်မလဲဆိုတော့ လူမျိုးကို မြှင့်ဖို့အတွက် အရည်အချင်းရှိတဲ့လူမျိုး မြှင့်ဖို့အတွက် တစ်ခုပဲရှိပါတယ်၊ စာပေမြှင့်ရပါ လိမ့်မယ်" ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင် စိုးက ပြောသည်။

စာပေညီလာခံ ၂၀၁၇ ကိုမြန်မာနိုင်ငံရှိ စာပေအဖွဲ့ အစည်း၁၁ခုတို့ ပူးပေါင်း၍ ရန်ကုန်မြို့ မင်းဓမ္မလမ်း ရှိ Myanmar Convention Center တွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၃၊ ၁၄ ၊၁၅ ရက်နေ့များတွင် ဆက်တိုက် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ယင်းစာပေညီလာခံတွင် အမျိုးသားစာပေဆုရွေး ချယ်ရေးစနစ်နှင့် ပုံစံတိုးတက်ရေးဆိုင်ရာများ၊ ရသ စာပေပေါ်ထွန်းရေးအတွက် ဆောင်ရွက်မည့် အကြောင်းအရာများ၊ နေရာအခက်အခဲများနှင့် ရင်ဆိုင်နေရသည့် စာအုပ်ဆိုင်ကိစ္စများ၊ ထုတ်ဝေပြီး စာအုပ်များ နေရာအနှံ့ သယ်ယူပို့ဆောင်စရိတ် လျှော့ချပေးရေးဆိုင်ရာများကိုလည်း ဆွေးနွေးသွား မည်ဖြစ်သည်။

အမျိုးသားစာပေညီလာခံကို ၁၉၆၂ ခုနှစ်က နောက် ဆုံးကျင်းပခဲ့ပြီးနောက် ယခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် မြန်မာ နိုင်ငံက စာပေအဖွဲ့အစည်း (၁၀)ဖွဲ့က ကျပ်သိန်း ၂၀၀၀ အကုန်ကျခံ၍ နှစ်ပေါင်း (၅၅)နှစ်အကြာ ပထမဆုံး ပြန်လည်ပြုလုပ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly