ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အဆန်စီရိုကို ခေါ်ယူရန် မန်ယူအသင်း ပြင်ဆင်နေ

ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အဆန်စီရိုကို ခေါ်ယူရန် မန်ယူအသင်း ပြင်ဆင်နေ

နိုဝင်ဘာ ၁၄၊ အင်္ဂလန် ။             ။ မန်ယူအသင်းသည် ရီးယဲလ်အသင်းမှ လူငယ်ခြေတက်တိုက်စစ်မှူး အဆန်စီရိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၇၇ သန်းဖြင့် ခေါ်ယူရန်   ပြင်ဆင်နေကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် အသက် ၂၁ နှစ်အရွယ်ရှိ စပိန်တိုက်စစ်မှူးကို ငါးနှစ် စာချုပ် ချုပ်ဆိုမည် ဖြစ်ပြီး တစ်ပတ်လစာငွေ ပေါင် ၄၆၁,၀၀၀ ပေးချေဦးမည် ဖြစ်သည်။ ထို့ကြောင့် အဆန်စီရိုသည် ပေါ့ဂ်ဘာ၏ ပြောင်းရွှေ့ကြေးစံချိန်ကို ချိုးဖျက်သွားမည်ဖြစ်ပြီး လစာငွေ အများဆုံးကစားသမားလည်း ဖြစ်လာဦးမည် ဖြစ်သည်။

ပြီးခဲ့သည့်ရာသီကတည်းက ခြေစွမ်းပြနေသည့် အဆန်စီရိုသည် ယခုနှစ်ရာသီတွင်လည်း ရီးယဲလ်အသင်းအတွက် လေးဂိုးသွင်းယူထားကာ နှစ်ဂိုးဖန်တီးပေးထားသည်။

ထို့ကြောင့် စပိန်လက်ရွေးစင်အသင်းတွင်လည်း ရွေးချယ်ခံခဲ့ရပြီး စပိန်အသင်းက ကော်စတာရီကာကို ၅-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ပါ၀င်ကစားခွင့်ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly