LGBT များကို ထောက်ခံသည့်အနေဖြင့် အင်္ဂလန်လိဂ်များတွင် သက်တန့်ရောင်စုံအလံများ အသုံးပြုမည်

LGBT များကို ထောက်ခံသည့်အနေဖြင့် အင်္ဂလန်လိဂ်များတွင် သက်တန့်ရောင်စုံအလံများ အသုံးပြုမည်

နိုဝင်ဘာ ၁၄၊ အင်္ဂလန် ။           ။ လိင်ဝိသေတလက္ခဏာ ကွဲပြားသူများ နှင့် လိင်ပြောင်းထားသူ(LGBT)များအား ထောက်ခံသည့် အနေဖြင့် အင်္ဂလန်လိဂ်ပြိုင်ပွဲများတွင် သက်တန့်ရောင်စုံအလံများ အသုံးပြုမည် ဖြစ်သည်။

LGBT ကစားသမားများ၊ ပရိသတ်များနှင့်အသင်းဝန်ထမ်းများကို ထောက်ခံသောအားဖြင့် ယခုကဲ့သို့ပြုလုပ်ရန် စီစဉ်ကြခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၃ ရက်နေ့ကြား ယှဉ်ပြိုင်ကစားကြမည့် အင်္ဂလန်လိဂ်ပြိုင်ပွဲအားလုံးတွင် ထောင့်ကန်ဘော အလံများအား သက်တန့်ရောင်စုံများ အသုံးပြုသွားမည် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကတည်းက ထိုကဲ့သို့ ထောက်ခံအားပေးမှုများရှိခဲ့ပြီး အသင်းခေါင်းဆောင်လက်ပတ်များနှင့် ဖိနပ်ကြိုးများတွင် သက်တန့်ရောင်စုံများ အသုံးပြုခဲ့ကြသည်။

အားကစားပြိုင်ပွဲဆိုသည်မှာ မည်သူမဆို လွတ်လပ်စွာကစားနိုင်သည်ကို ထောက်ခံပြသလိုသည်အတွက် ယခုအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အင်္ဂလန်လိဂ်အစည်းအရုံး၏အကြီးအကဲ ရုဟန့်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags