အီရန်ငလျင် သေဆုံးသူ ၄၀၀ ကျော်အထိ ရှိလာ

အီရန်ငလျင် သေဆုံးသူ ၄၀၀ ကျော်အထိ ရှိလာ

တီဟီရန်၊ နိုဝင်ဘာ ၁၄ ။            ။ အီရန်နိုင်ငံ ကာမန်ရှာပြည်နယ်တွင် လှုပ်သွားသည့် အင်အား ရ ဒဿမ ၃ အဆင့်ရှိ အားပြင်းငလျင်တွင် သေဆုံးသူပေါင်းသည် ၄၀၀ ကျော်ထက်မနည်းရှိပြီး ဒဏ်ရာရသူပေါင်းက ၆၇၀၀ ကျော်ရှိကြောင်း အီရန်အာဏာပိုင်များက နိုဝင်ဘာ ၁၃ ရက်တွင် ပြောသည်။

အိမ်နီးချင်း အီရတ် နယ်စပ်ဖက်တွင် ဗဟိုပြုလှုပ်ခတ်သော ယခုငလျင်တွင်  အဆောက်အအုံများ ပြိုကျပျက်စီးရကာ စာသင်ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းများ ပိတ်လိုက်ရပြီး ဒေသခံများလည်း ယာယီခိုလှုံရေးစခန်းများသို့ ပြောင်းရွှေ့နေကြရသည်။

ငလျင်သည် နိုဝင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် ည ၉ နာရီ ၁၈ မိနစ်က အီရတ် ကာ့ဒ်ဒေရှိ ဟာလာဘ်ဂျာမြို့အနီး လှုပ်သွားခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးအရ သိရသည်။

အီရတ်အစိုးရက ယင်းငလျင်တွင် ၄င်းတို့နယ်စပ်ဖက် ရှစ်ဦးသေဆုံးသည်ဟု ပြောသည်။

ငလျင်ကြီးလှုပ်ပြီး နောက်ဆက်တွဲငလျင်ပေါင်း လက်ရှိအထိ အကြိမ် ၃၀ ကျော်ထက်မနည်း လှုပ်ရာ အားအပြင်းဆုံးအဖြစ် ၄ ဒဿမ ရ အဆင့် ငလျင်လည်း ပါဝင်သည်။

ငလျင်ဘေးအား အားလုံးလက်တွဲဖြေရှင်ရန် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက တိုက်တွန်းထားသည်။

“နိုင်ငံတွင်း နေထိုင်သူအားလုံးမှာ ငလျင်ဘေး ကယ်ဆယ်ဆောင်ရွက်ရေး လုပ်ငန်းတွေမှာ တာဝန်ရှိတယ်။”ဟု ၄င်းက ဆော်သြလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly