‘ခြေစစ်ပွဲအောင်ဖို့ လိုအပ်နေတဲ့ အမှတ်တွေ ရမယ်လို့ ယုံကြည်ပါတယ်’ - နည်းပြ ဂတ်ဆီဇီ

‘ခြေစစ်ပွဲအောင်ဖို့ လိုအပ်နေတဲ့ အမှတ်တွေ ရမယ်လို့ ယုံကြည်ပါတယ်’ - နည်းပြ ဂတ်ဆီဇီ
(ဓာတ်ပုံ - MFF)

နည်းပြ ဂတ်ဆီဇီက အိန္ဒိယအသင်းနဲ့ပွဲမှာ မြန်မာအသင်းဟာ ခြေစစ်ပွဲအောင်ဖို့ လိုအပ်နေတဲ့ အမှတ်တွေ ရမယ်လို့ ယုံကြည်ကြောင်း အိန္ဒိယနှင့် မြန်မာအသင်းတို့ ကစားမယ့် အာရှဖလား ခြေစစ်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“အိန္ဒိယအသင်းဟာ ခံစစ်ကစားပုံကောင်းတဲ့အသင်းတစ်သင်းပါ။ ပထမအကျော့တုန်းက ကံမကောင်းစွာနဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ မနက်ဖြန်ကစားမယ့်ပွဲမှာ ခြေစစ်ပွဲအောင်ဖို့ လိုအပ်နေတဲ့အမှတ်‌တွေ ရမယ်လို့ ယုံကြည်ပါတယ်။”လို့ နည်းပြချုပ် ဂတ်ဆီဇီက ပြောပါတယ်။

မြန်မာအသင်းဟာ အာရှဖလားခြေစစ်ပွဲ ပထမအကျော့ အိမ်ကွင်းမှာ အိန္ဒိယအသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ထားပါတယ်။

မြန်မာအသင်းဟာ အာရှဖလား တတိယအသင့်ခြေစစ်ပွဲ အုပ်စု (A) မှာ အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုအသင်းတို့နှင့်အတူ ကျရောက်နေပြီး (၃) ပွဲကစားပြီးချိန်မှာ (၄)သာ ရရှိထားပါတယ်။

မြန်မာအသင်းခေါင်းဆောင် ရန်အောင်ကျော်က အာရှဖလား ခြေစစ်ပွဲနှင့် ပတ်သက်လို့ “မြန်မာအသင်းအနေနဲ့ အာရှဖလား ကစားခွင့်မရတာ နှစ် ၅၀ ရှိပါပြီ။ လက်ကျန် ၂ ပွဲမှာ အနိုင်ကစားပြီး အာရှဖလား ခြေစစ်ပွဲအောင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”လို့ ပြောဆိုသွားပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် အိန္ဒိယလက်ရွေးစင်အသင်းတို့ဟာ နိုဝင်ဘာလ (၁၄) ရက် ဒေသစံတော်ချိန် ည (၈)နာရီ အချိန်၊ မြန်မာစံတော်ချိန် ည(၉) နာရီအချိန်မှာ အိန္ဒိယနိုင်ငံ ဂိုအာမြို့ Jawaharlal Nehru Stadium မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly