စကာင်္ပူမှာ ကျင်းပတဲ့ Mrs./Ms. Top of the World Plus Size 2017 ပြိုင်ပွဲမှာ ဆုနှစ်ဆု ဆွတ်ခူးရရှိတဲ့ အလှမယ် စန္ဒီမင်းအောင်

စကာင်္ပူမှာ ကျင်းပတဲ့ Mrs./Ms. Top of the World Plus Size 2017 ပြိုင်ပွဲမှာ ဆုနှစ်ဆု ဆွတ်ခူးရရှိတဲ့ အလှမယ် စန္ဒီမင်းအောင်
(ဓာတ်ပုံ - Sandy Min Aung)

စင်ကာပူနိုင်ငံမှာ ကျင်းပ‌တဲ့ Mrs./Ms. Top of the World Plus Size 2017 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်တဲ့ အလှမယ် စန္ဒီမင်းအောင်က Miss Star Plus Size 2017 ဆု နှင့် Miss Popular Award Plus Size 2017 ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

“အားလုံးအားပေးကြလို့ အားလုံးအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ရွေးချယ်ခံရတဲ့ဆုကို ရလို့ ဝမ်းသာကျေနပ်မိပါတယ်။အချိန်ကုန်ခံပြီး like, share, voting အများဆုံး နဲ့ Miss People Choose & Miss Star ဆုကို  ကျမတို့ မြန်မာနိုင်ငံက နိုင်ငံသားတွေ တယောက်ချင်းပေးတဲ့မေတ္တာကို ရလို့ ပိုဝမ်းသာပါတယ်ရှင့် … အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင့်”လို့ စန္ဒီမင်းအောင်က ဆုရရှိခဲ့တာနှင့် ပတ်သက်လို့ ၎င်းရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Mrs./Ms. Top of the world Plus Size 2017 ပြိုင်ပွဲကို စကာင်္ပူနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ မှ ၁၃ ရက် နေ့ အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။ Mrs./Ms. Top of the world Plus Size 2017 သရဖူဆုကို ဖိလစ်ပိုင်အလှမယ်မှ ရရှိခဲ့ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly