၁၉၅၈ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ပထမဆုံး လွဲချော်ခဲ့တဲ့ အီတလီ

၁၉၅၈ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ပထမဆုံး လွဲချော်ခဲ့တဲ့ အီတလီ
(ဓာတ်ပုံ - အီးပီအေ)

ကမ္ဘာ့ဖလား (၄) ကြိမ်ရ ချန်ပီယံ အီတလီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ခွင့် ဥရောပဇုန် Play-off ခြေစစ်ပွဲ ဒုတိယအကျော့မှာ ဆွီဒင်အသင်းကို ဂိုးမရှိ သရေကျခဲ့ပြီးနောက် ၁၉၅၈ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ခဲ့ရပါတယ်။

ဒါက အီတလီအသင်း ၁၉၃၀ ခုနှစ်မှာ ပထမတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ခွင့်နှင့် လွဲချော်ခဲ့ဖူးပြီး ၎င်းတို့ရဲ့ သမိုင်းတစ်လျှောက် ယခုတစ်ကြိမ်မှာ ဒုတိယမြောက် လွဲချော်မှုလည်းဖြစ်ပါတယ်။

အီတလီအသင်းဟာ ပထမအကျော့ အဝေးကွင်းမှာ ဆွီဒင်ကွင်းလယ်လူ ဂျာကုပ် ဂျိုဟန်စ်ဆန်ရဲ့ သွင်းတဲ့ (၁-၀) ဂိုးရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့ စန်စီယိုကွင်းမှာ ဆွီဒင်အသင်းကို အနိုင်မကစားနိုင်ဘဲ ဂိုးမရှိသရေရဒ်ဖြင့် အဆုံးသတ်ခဲ့ပါတယ်။

ဒီပွဲမှာ ဆွီဒင်အသင်းက ခြေစစ်ပွဲအောင်နိုင်ရေးအတွက် ခံစစ်ကို အဓိကထား ကစားပြီး အိမ်ရှင်က ဘောလုံးပိုင်ဆိုင်မှု ရ၆ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ကာ ဂိုးကန်သွင်းမှု အကြိမ် ၂၀ ထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် အီတလီရဲ့ တိုက်စစ်ကို ဆွီဒင်နောက်တန်းက တားဆီးနိုင်ခဲ့သလို၊ ဂိုးသမား အော်လ်ဆင်ကလည်း လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တဲ့အတွက် အီတလီ အခုလို ကျဆုံးခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်က ဆွီဒင်အသင်းအတွက် ၂၀၀၆ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘ့ာဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required