အိန္ဒိယတွင် ဟိုတယ်အဆင်မပြေသဖြင့် ပြောင်းပေးရန် မြန်မာအသင်း တောင်းဆိုထား

အိန္ဒိယတွင် ဟိုတယ်အဆင်မပြေသဖြင့် ပြောင်းပေးရန် မြန်မာအသင်း တောင်းဆိုထား
Photo: MFF

 

နိုဝင်ဘာ ၁၃၊ ဂိုအာ။                ။  မြန်မာအသင်းသည် အိန္ဒိယဘောလုံးအဖွဲ့ချုပ်၏ဟိုတယ်စီစဉ်ပေးမှုအပေါ် ကျေနပ်မှု မရှိသည့်အတွက် ဟိုတယ်ပြောင်းရွှေ့ပေးရန် တောင်းဆိုခဲ့ကြောင်း Goal.com ၀က်ဘ်ဆိုက်က ဖော်ပြသွားခဲ့သည်။

မြန်မာအသင်းသည် အာရှဖလားခြေစစ်ပွဲကစားရန် အိန္ဒိယသို့ရောက်ရှိနေခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက် တွင် ဂိုအာမြို့ Jawaharlal Nehru Stadium တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ “ဟိုတယ်အဆင့်အတန်းက နိမ့်ကျပြီးဆိုးရွားတယ်လို့ မြန်မာအသင်းဘက်က ထုတ်ပြန်ကြေညာခဲ့ပြီး ဟိုတယ်ပြောင်းရွှေ့ပေးဖို့ အလိုရှိနေပါတယ်” ဟု အိန္ဒိယဘောလုံးအဖွဲ့ချုပ် (AIFF) နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။ အိန္ဒိယဘောလုံးအဖွဲ့ချုပ် (AIFF) ၏ အစီအစဉ်ညံ့ဖျင်းမှုကို ဧည့်သည်မြန်မာအသင်းတစ်သင်းတည်းသာ ခံနေဂခြင်းမဟုတ်ပဲ အိန္ဒိယအသင်းကိုလည်း ပြိုင်ပွဲကစားမည့်ကွင်းအနီးမှဟိုတယ်မှာစျေးနှုန်းမြင့်မားသည့် အတွက် မွန်ဘ်ိုင်းရှိဟိုတယ်တစ်ခုတွင်စီစဉ်ပေးထားသည်။

အောက်တိုဘာလအတွင်းက ဘန်ဂလိုရီမြို့တွင်ကစားခဲ့သည့် အိန္ဒိယနှင့်မကာအိုပွဲတွင်လည်း အိန္ဒိယဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများက မကာအိုအသင်းကို ည ၁၁နာရီမှသာအခန်းများပြန်အပ်ရန် စီစဉ်ရမည့်အစားနေ့ ၁၁နာရီတွင် အခန်းများကို ပြန်အပ်ခိုင်းခဲ့သည်။ မြန်မာအသင်းနှင့်အိန္ဒိယအသင်းကိုပွဲကို အောက်တိုဘာ ၁၄ရက်၊ ဒေသစံတော်ချိန် ည၈နာရီ(မြန်မာစံတော်ချိန် ည၉နာရီ) တွင်ကစားရမည်ဖြစ်ပြီး မြန်မာအသင်းအတွက် အရေးကြီးသောပွဲဖြစ်သော်လည်း အိန္ဒိယအသင်းမှာမူ ခြေစစ်ပွဲအောင်ပြီးဖြစ်သည်။

Ref: Goal.com
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly