အာဆီယံထိပ်သီးစည်းဝေးပွဲ ကြေညာချက်မူကြမ်း၌ ှ ဘင်္ဂါလီအရေးကိစ္စ ချန်လှပ်

အာဆီယံထိပ်သီးစည်းဝေးပွဲ ကြေညာချက်မူကြမ်း၌ ှ ဘင်္ဂါလီအရေးကိစ္စ ချန်လှပ်

 

မနီလာ နိုဝင်ဘာ ၁၃ ။             ။ အရှေ့တောင်အာရှထိပ်သီးစည်းဝေးပွဲပြီးနောက်တွင် ထုတ်ပြန်ရန်စီစဉ်ထားသော ကြေညာချက်မူကြမ်းထဲ၌   မြန်မာနိုင်ငံရခိုင်ပြည်နယ်၌   မြန်မာတပ်မတော်၏နယ်မြေရှင်းလင်းရေး ကာလအတွင်း အစုလိုက်အပြံုလိုက်ထွက်ပြေးခဲ့ကြရသော ဘင်္ဂါလီ မွတ်စလင်အရေးကိစ္စအား ချန်လှပ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင် ဘင်္ဂါလီအစွန်းရောက် ARSA အဖွဲ့ က အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် တပ်မတော်၏ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချက်များကို ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဝေဖန်ပြောဆိုထားသည်။ ယင်းစွပ်စွဲဝေဖန်မှုများကို မြန်မာအစိုးရက ငြင်းဆိုထားသည်။

ယခု အာဆီယံထိပ်သီးစည်းဝေးပွဲ ကြေညာချက်မူကြမ်းကို နိုင်ငံ ၁၀ နိုင်ငံပါ၀င်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်းအဖွဲ့ (အာဆီယံ)၏ လက်ရှိ သဘာပတိဖြစ်သော ဖိလစ်ပိုင်အစိုးရမှ ရေးဆွဲမည်ဖြစ်သည်။

ထို ၁၀နိုင်ငံမှခေါင်းဆောင်များသည် ယနေ့တွင် မနီလာမြို့၌ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

ထိုကြေညာချက်မူကြမ်းထဲ၌ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသော အသေးစိတ်အခြေအနေများ သို့မဟုတ် ရိုဟင်ဂျာဟုခေါ်ဝေါ်သော ဘင်္ဂါလီမွတ်စလင်များ၏မြေပြင်အခြေအနေနှင့် ပတ်သက်ပြီး ဖော်ပြထားခြင်းမရှိ ကြောင်း သိရသည်။

စက်တင်ဘာလက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးလျုပ် အန်တိုနီယိုဂူတာရက်စ်က ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော အခြေအနေများအား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ခေါ်ဝေါ်ပြောဆိုခဲ့သည်။

အာဆီယံအဖွဲ့အတွင်းမှ မွတ်စလင်အများစုနေထိုင်ရာနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသကလည်း အဆိုပါ ကိစ္စနှင့်ပက်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ သို့သော်လည်း အခြားနိုင်ငံ၏ပြည်တွင်းရေး ကိစ္စအား ၀င်ရောက်စွတ်ဖက်ခြင်းမပြုရဆိုသည့် အာဆီယံ၏စည်းမျဉ်းစည်းကမ်းအား လိုက်နာသည့်အနေဖြင့် အဆိုပါအရေးကိစ္စကို အာဆီယံထိပ်သည်းအစည်းအဝေးပွဲ၌ ဆွေးနွေးခြင်းမပြုဘဲ ဘေးဖယ်ထားခဲ့သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်သူများနှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ် ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦးကျဆုံး၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်း ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သူ ၃၇၁ ဦး အသေ ရရှိကာ ၃၈ ဦးဖမ်းဆီးရမိခဲ့ကြောင်း၊အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုကြောင့် ဒေသခံ တိုင်းရင်းသား ၁၄ ဦး၊ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီ ရ ဦး၊ အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ ရဦး စုစုပေါင်း ၂၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံ တိုင်းရင်းသား ၄ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နောက်ဆက်တွဲ သတင်း ဖော်ထုတ်ချက်များအရ အကြမ်းဖက် သမားများက မောင်တော မြို့နယ် ရဲဘောက်ကျ ကျေးရွာမှ ဟိန္ဒူဘာသာဝင် ၉၀ကျော်အား အဓမ္မဖမ်းဆီး ခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်းသိရှိရပြီး စက်တင်ဘာလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် ဘော်တလာ ကျေးရွာ အနီး၌ သတ်ဖြတ်ခြင်းခံရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၄၅ လောင်းအား တူးဖော်ရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုပ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၉၉၉ ခုနှစ်က ဒီမိုကရေစီရေး အတွက် မြန်မာနိုင်ငံကိုအုပ်ချုပ်နေသော တပ်မတော်အစိုးရအား ဆန့်ကျင်ခဲ့စဉ်က အာဆီယံ၏ ကြားဝင်စွတ် ဖက်ခြင်းမပြုသည့် စည်းမျဉ်းစည်းကမ်းအား ဝေဖန်ပြောဆိုခဲ့ဖူးသည်။

“ဒီကြားဝင်စွတ်ဖတ်ခြင်းမပြုဆိုတဲ့စည်းကမ်းဟာ မကူညီချင်လို့ပြောဆိုတဲ့ ဆင်ခြေဆင်လက်တစ်ခုပဲ ဖြစ်ပါ တယ်” ဟု သူမက ထိုစဉ်က ထိုင်းနိုင်ငံ၏နေ့စဉ်သတင်းစာ The Nation ၏ အတွေးအမြင်ကဏ္ဍတွင် ရေးသား ခဲ့ဖူးသည်။ “ဒီနေ့ ဒီလိုခေတ်ကြီးထဲမှာ အခြားနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ အရေးကိစ္စတွေကို ကြားဝင်စွတ်ဖက် ခြင်းမပြုဖို့ မတားဆီးနိုင်ပါဘူး” ဟု သူမ၏ထင်မြင်ချက်ကို ပြောဆိုခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required