အီဗရာကို ကလပ်အသင်းအများအပြား ဆက်သွယ်ထားဟု အေးဂျင့်ဖြစ်သူပြော

အီဗရာကို ကလပ်အသင်းအများအပြား ဆက်သွယ်ထားဟု အေးဂျင့်ဖြစ်သူပြော

 

နိုဝင်ဘာ ၁၃၊ ပြင်သစ်  ။           ။ မာဆေးအသင်းမှ ထုတ်ပယ်ခံထားရသော်လည်း အီဗရာကို ဆက်သွယ်ခဲ့သည့် အသင်းအများအပြားရှိကြောင်း အေးဂျင့်ဖြစ်သူက ပြောဆိုလိုက်သည်။

ပြင်သစ်နောက်ခံကစားသမားအီဗရာသည် ကိုယ့်အသင်း၏ပရိသတ်ကို ကန်ခဲ့သည့်အတွက် မာဆေးအသင်းမှ ထုတ်ပယ်ခံထားရသူဖြစ်သည်။ ထိုလုပ်ရပ်ကြောင့် ယူအီးအက်ဖ်အေကလည်း အီဗရာကို ယခုနှစ်ရာသီအကုန်အထိပွဲပယ်ခဲ့သည်။

“အီဗရာက သူအမှားလုပ်ခဲ့တယ်ဆိုတာ သူသိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကစားသမားဘဝက ဒီလိုပုံစံမျိုးနဲ့အဆုံးသတ်မသွားနိုင်ပါဘူး” ဟု အေးဂျင့် ပက်စတိုရယ်လိုက ပြောဆိုခဲ့သည်။

ထို့နောက် ပက်စတိုရယ်လိုက ဆက်လက်ပြီး “ကလပ်အသင်းအများအပြားက အဆက်အသွယ်တွေ ကျွန်တော်တို့ရထားပြီးပါပြီ။ လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်ကထက်တောင် အီဗရာကပိုပြီး ကြံ့ခိုင်နေပါတယ်” ဟု ဆိုသည်။

အီဗရာသည် အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး ယခုနှစ်ရာသီတွင် မာဆေးအသင်းအတွက် ၂ ပွဲသာ ပါ၀င်ကစားထားရသေးသည်။

ရည်ညွှန်း ဆော်ကာဝေး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly