အမေရိကန်လေယာဉ်တင်သင်္ဘော သုံးစီးဦးဆောင်ကာ မြောက်ကိုရီးယားကို ပစ်မှတ်ထား၍ စစ်ရေးလေ့ကျင့်

အမေရိကန်လေယာဉ်တင်သင်္ဘော သုံးစီးဦးဆောင်ကာ မြောက်ကိုရီးယားကို ပစ်မှတ်ထား၍ စစ်ရေးလေ့ကျင့်

 

ဆိုးလ်၊ တောင်ကိုရီးယား၊ နို၀င်ဘာ ၁၃ ။              ။ နျူကလီးယားလက်နက်စမ်းသပ်မှုများ လုပ်ဆောင်နေသည့် မြောက်ကိုရီးယားနိုင်ငံကိုပစ်မှတ်ထားသော ပူးပေါင်းရေတပ်စစ်ရေးလေ့ကျင့်မှုကို   တောင်ကိုရီးစစ်သင်္ဘောများခြံရံလျက် အမေရိကန်လေယာဉ်တင် သင်္ဘော ၃ စီးက စနေနေ့၌ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

လေယာဉ်တင်သင်္ဘောကြီးများဖြစ်ကြသည့် ယူအက်စ်အက်စ်ရော်နယ်ရီဂန်၊ ယူအက်စ်အက်စ်နီမစ် နှင့် ယူအက်စ်အက်စ်သီယိုဒေါရုစဗက်တို့က ဖျက်သင်္ဘော ၃ စီးအပါအဝင် တောင်ကိုရီးယားတို့၏ ရေတပ်သင်္ဘော ရ စီးကို ဦးဆောင်လျက် ပစိဖိတ်အနောက်ပိုင်းအရပ်တွင် လေးရက်တာစစ်ရေးလေ့ကျင့်မည်ဖြစ်သည်။

ထိုစစ်ရေးလေ့ကျင့်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုပါဒေသတွင်း၌ ပထမဦးဆုံးအကြိမ် လေယာဉ်တင် သင်္ဘော ၃စီးကို အသုံးပြုကာ လေ့ကျင့်ခြင်းဖြစ်သည်။

“ဒီစစ်ရေးလေ့ကျင့်မှုဟာ နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးပျံတွေကိုစမ်းသပ်ပြီး ခြိမ်းခြောက်မှုတွေကို မြှင့်တင်နေ တဲ့ မြောက်ကိုရီးယားနိုင်ငံကို ပစ်မှတ်ထားပြီးလုပ်ဆောင်တာဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားတို့ရဲ့ ရန်စ တဲ့လုပ်ရပ်တွေကို ရှောင်လွှားနိုင်ဖို့အတွက် ပြင်ဆင်ထားကြောင်း ပြသခြင်းလည်းဖြစ်ပါတယ်” ဟု တောင်ကိုရီး ယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားတို့သည် ထိုကဲ့သို့စစ်ရေးလေ့ကျင့်မှုများနှင့် ကျူးကျော်တိုက်ခိုက်ရန် အစမ်းလေ့ကျင့်မှုများကို ဝေဖန်ရှုံ့ချလေ့ရှိပြီး တစ်ခါတစ်ရံတွင် ဒုံးပျံများကို ပြန်လည် ပစ်လွှတ်ပြခြင်းဖြင့် တုံ့ပြန်လေ့ရှိသည်။

အမေရိကန်စစ်သင်္ဘောများသည် လေကြောင်းကာကွယ်ရေးလေ့ကျင့်မှု၊ ပင်လယ်ပြင်စောင့်ကြည့်လေ့လာမှု၊ လေကြောင်းတိုက်ခိုက်မှုအား ခုခံရေးလေ့ကျင့်မှုများနှင့် အခြားသော စစ်ဆင်ရေးများကို   လေ့ကျင့်မည်ဖြစ် ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သောအပတ်အတွင်း တိုကျို၊ ဆိုးလ်နှင့် ဘေကျင်းမြို့များသို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် သွားရောက် လည်ပတ်ပြီး ပြံုယမ်းအစိုးရ၏ နျူကလီးယားလက်နက်ဖြင့် ခြိမ်းခြောက်မှုများကို မည်ကဲ့သို့တန်ပြန်ဆောင်ရွက် မလဲဆိုသော မေးခွန်းများအားကြံုတွေ့ခဲ့ရအပြီးတွင် ယခုလိုစစ်ရေးလေ့ကျင့်မှုများအား လုပ်ဆောင်ခြင်းဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly