နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မြန်မာနှင့် အိန္ဒိယအသင်း အာရှဖလား တတိယအသင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည်

နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မြန်မာနှင့် အိန္ဒိယအသင်း အာရှဖလား တတိယအသင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည်
(ဓာတ်ပုံ - MFF)

မြန်မာလက်ရွေးစင်အသင်းဟာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ အာရှဖလား ခြေစစ်ပွဲအဖြစ် အိန္ဒိယအသင်းနှင့် ယှဉ်ကစားရန် နိုဝင်ဘာ ၁၁ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့သို့ ရောက်ရှိခဲ့ပြီး ညနေပိုင်းမှာတော့ လေ့ကျင့်ရေး အစီအစဉ်များကို စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ 

မြန်မာအသင်းဟာ အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ကစားရမယ့် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေဖြင့် နိုဝင်ဘာ ၉ ရက်နေ့က ဖနွမ်းပင်မြို့ရှိ အိုလံပစ်ကွင်းမှာ ကမ္ဘေဒီးယားအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခ့ပါတယ်။

မြန်မာအသင်းဟာ ကမ္ဘောဒီးယားအသင်းနှင့် ခြေစမ်းပွဲအပြီးမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က ဖနွမ်းပင်မြို့မှ အိန္ဒိယနိုင်ငံ ဂိုအာမြို့သို့ ဆက်လက် ခရီးထွက်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ အာရှဖလားခြေစစ်ပွဲ ပထမအကျော့ အိမ်ကွင်းမှာ အိန္ဒိယအသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ထားပါတယ်။

မြန်မာအသင်းဟာ အာရှဖလား တတိယအသင့်ခြေစစ်ပွဲ အုပ်စု (A) မှာ အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုအသင်းတို့နှင့်အတူ ကျရောက်နေပြီး (၃) ပွဲကစားပြီးချိန်မှာ (၄)သာ ရရှိထားပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် အိန္ဒိယလက်ရွေးစင်အသင်းတို့ဟာ နိုဝင်ဘာလ (၁၄) ရက် ဒေသစံတော်ချိန် ည (၈)နာရီ အချိန်၊ မြန်မာစံတော်ချိန် ည(၉) နာရီအချိန်မှာ အိန္ဒိယနိုင်ငံ ဂိုအာမြို့ Jawaharlal Nehru Stadium မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly