အမျိုးသမီးများ အခန်းကဏ္ဍကို ဒေါ်အောင်ဆန်းစုကြည်က အာဆီယံညီလာခံ၌ အလေးထားပြောကြား

အမျိုးသမီးများ အခန်းကဏ္ဍကို ဒေါ်အောင်ဆန်းစုကြည်က အာဆီယံညီလာခံ၌ အလေးထားပြောကြား

ဖိလစ်ပိုင်တွင် ကျင်းပလျက်ရှိသော အာဆီယံညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၌ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အလေးအနက်ထား ပြောကြားခဲ့သည်။

အခွင့်အလမ်းအများစုကို အမျိုးသမီးများအတွက် ဖော်ဆောင်ပေးသင့်ကြောင်း၊ သို့မှသာ အမျိုးသမီးများအနေဖြင့် ဖွဲ့စည်းပူးပေါင်းသော စီးပွားရေးကမ္ဘာတွင် ရှင်သန်စွမ်းဆောင်နို်င်မည်ဖြစ်ကြောင်း   ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“လူမှုရေးအတားအဆီးတွေကို ကျော်လွှားနိုင်အောင်၊ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည် ခိုင်မာအောင်၊ နိုင်ငံဖွံ့ဖြိုးရေးဆီ ရှေးရှုတဲ့ စီးပွားရေးတွေ ပွင့်လန်းအောင် လုပ်ဆောင်ဖို့ရန်မှာ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်တွေ ပေးရပါမယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် ကျင်းပသော အာဆီယံ စီးပွားရေးနှင့် ဖွံ့ံဖြိုးရေး ထိပ်သီးညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်သည် အဓိကမိန့်ခွန်းပြောကြားရာ၌ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly