UEHRD နှင့် ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့သစ် ၂ ဖွဲ့ ဖွဲ့စည်းရေးအတွက် ရခိုင်လူမှုအဖွဲ့အစည်းများကို ဖိတ်ခေါ်

UEHRD နှင့် ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့သစ် ၂ ဖွဲ့ ဖွဲ့စည်းရေးအတွက် ရခိုင်လူမှုအဖွဲ့အစည်းများကို ဖိတ်ခေါ်

နိုဝင်ဘာ ၁၂ ။            ။ ရခိုင်​ပြည်​နယ်​အတွင်​း ​မြေပြင်​ကွင်​းဆင်​း​ဆောင်​ရွက်​မှုများလုပ်​​ဆောင်​ရန်​အတွက်  အဖွဲ့ ၂ ဖွဲ့ ထပ်မံ ဖွဲ့စည်းသွားမည် ဖြစ်သောကြောင့် ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့ နှင်​့ ရခိုင်​ပြည်​နယ်​အတွင်​း လူမှုအဖွဲ့အစည်​းများ ​ လာမည့် နိုဝင်ဘာလ ၁၅ ရက်တွင် တွေ့ဆုံသွားမည်ဟု ရခိုင်​ပြည်​နယ်​စည်​ပင်​သာယာ​ရေးဝန်​ကြီး ဦးမင်​း​အောင်​က ထုတ်ပြန်ထားသည်။

ရခိုင်​ပြည်​နယ်​အတွင်​း၊လူသားချင်​းစာနာ​ထောက်​ထားမှု အကူအညီ​အ​ထောက်​အပံ့ပေး​ရေး၊ပြန်​လည်​​နေရာချထား​ရေး၊ဖွံဖြိုး​ရေးစီမံကိန်​ း UEHRD အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် Central Coordination Team(CCT)ဦး​ဆောင်​အဖွဲ့နှင်​့ Regional Coordination Team(RCT) ဦး​ဆောင်​အဖွဲ့ ကိုထပ်​မံ ဖွဲ့စည်​းသွားနိုင်​ရန်​ တွေ့ဆုံအစည်​းအ​ဝေးပြုလုပ်​ခြင်း ဖြစ်သည်။

ရခိုင်​ပြည်​နယ်​အတွင်​းရှိ CSO အဖွဲ့များထဲမှ CCT ဦး​ဆောင်​အဖွဲ့တွင်​  ၃ ဦးကို ထည်​့သွင်​းဖွဲ့စည်​းမည်​ဖြစ်​ပြီး RCT ဦး​ဆောင်​အဖွဲ့ တွင်​  ၅ ဦးကို ထည့်​့သွင်​းဖွဲ့စည်​းမည်​ဖြစ်​ကာ တက်​​ရောက်​လာသူ CSO အဖွဲ့အစည်​းများမှ မဲစနစ်​ဖြင်​့​ရွေးချယ်​မည် ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရခိုင်​ပြည်​နယ်​မြို့နယ်​ အသီးသီးမှ CSO အဖွဲ့ဝင်​တိုင်​း တက်​​ရောက်​နိုင်​ရန် ပြည်နယ်အစိုးရ က ဖိတ်ခေါ်ထားပြီး တက်​​ရောက်​နိုင်​သူ အ​ရေအတွက်​ကန့်​သတ်​မထားကြောင်း သိရသည်။

ထို့ကြောင့် “ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့ နှင်​့ ရခိုင်​ပြည်​နယ်​အတွင်​း လူမှု အဖွဲ့အစည်​းများ ​တွေ့ဆုံပွဲ" ကို လာမည့် နိုဝင်ဘာလ ၁၅ ရက်၊ နေ့လည်​ ၃းဝဝနာရီ၊  အစည်​းအ​ဝေးခန်​းမ(၂)၊ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့ရုံး၊စစ်​​တွေမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

UEHRD တွင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အဓိက ဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly