၁၈ နှစ်အောက်ကလေးများ မိဘခွင့်ပြုချက်ဖြင့် ဖတ်ရမည့် ဇော်သက်ထွေး၏ " အင်းစိန်ထောင်အတွင်းမှ ဂန္တဝင်လူမိုက်ကြီးများ " စာအုပ်

၁၈ နှစ်အောက်ကလေးများ မိဘခွင့်ပြုချက်ဖြင့် ဖတ်ရမည့် ဇော်သက်ထွေး၏ " အင်းစိန်ထောင်အတွင်းမှ ဂန္တဝင်လူမိုက်ကြီးများ " စာအုပ်

ရန်ကုန် နိုဝင်ဘာ ၁၂ ။           ။ အသက် ၁၈ နှစ်အောက်ကလေးများ မိဘခွင့်ပြုချက်ဖြင့် ဖတ်ရမည့် စာအုပ်ဟု ရည်ညွှန်းထားသည့် နိုင်ငံရေးအကျဉ်းသားဟောင်း၊ စာရေးဆရာ ဇော်သက်ထွေး၏ " အင်းစိန်ထောင်အတွင်းမှ ဂန္တဝင်လူမိုက်ကြီးများ" စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

တူမောရိုးဂျာနယ်တွင် အခန်းဆက်ရေးသားခဲ့သော ဝတ္ထုဇာတ်လမ်းဆန်သည့် ထောင်တွင်းအကြောင်းအရာ များကို စုစည်းဖော်ပြထားသည့် စာအုပ်ဖြစ်ပြီး ယင်းစာအုပ်တွင် စာရေးဆရာ ဇော်သက်ထွေးက ၁၉၈၈ ခုနှစ်မှ ၂၀၀၀ ခုနှစ်အတွင်း ထောင်တွင်းရှိ နာမည်ကြီးလူမိုက်ကြီးများအကြောင်း ဖြစ်ရပ်မှန်များကို အချက်အလက်ပြုစု ရေးသားထားသည်။

" ရိုးရိုးလေးပြောရရင် တိရိစ္ဆာန်လိုရှင်သန်ခဲ့ရတဲ့ လူဆိုးလူမိုက်တွေအကြောင်းကို အနုပညာဆန်ဆန် ရေးဖွဲ့ချင်စိတ် ဖြစ်မိလို့ ရေးသားခဲ့တာပါ၊ ကျွန်တော်ရဲ့အာသီသကို ဖွင့်ထုတ်လိုက်တာပါ" ဟု စာအုပ် ရေးသားသူ နိုင်ငံရေးအကျဉ်းသား ဟောင်း၊ စာရေးဆရာဇော်သက်ထွေးက မဇ္ဈိမသို့ ပြောသည်။

ယင်းစာအုပ်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ပထမအကြိမ် ထုတ်ဝေခြင်းဖြစ်ပြီး လူမိုက်ကြီးများအကြောင်းကို စာမျက်နှာ ၁၈၂ မျက်နှာ၊ ခေါင်းစဉ် ၂၆ ခုဖြင့် ရေးသားထားသည်။

တစ်ချိန်က နိုင်ငံ၏စနစ်ဆိုးကြောင့် လူကောင်းက နေ လူဆိုးဖြစ်သွားသူများရှိခဲ့ကြောင်း ယင်းစာအုပ် က မီးမောင်းထိုးပြခဲ့သည်ဟု ၈၈မျိုးဆက် ကျောင်း သားဟောင်း ဦးမြအေးက ပြောသည်။

" လူမိုက်ဟာ လူမိုက်ပဲလေ၊ လူဆိုးဟာ လူဆိုးပဲ၊ ဒါပေမယ့် စနစ်ဆိုးတွေကြောင့် လူကောင်းကနေ လူဆိုးဖြစ်သွားသူတွေရှိတယ်၊ လူဆိုးဖြစ်ပေမယ့် လည်း မတရားမှုနဲ့တရားမှုကို ခွဲခြားနိုင်သူတွေရှိ တယ်၊ အဲဒီတော့ အားလုံးကိုခြုံပြီးတော့ ကောက် ချက်ဆွဲလို့ မရဘူး၊ လူအဖွဲ့အစည်းကို ဒုက္ခပေးလာ တဲ့သူ ဘယ်သူမဆို လက်ခံလို့မရဘူး၊ သို့သော် ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေအပေါ်မှာ စရိုက် ပေါင်းစုံရှိခဲ့တယ် ဆိုတာ ပြည်သူလူထုသိစေချင်တဲ့ စေတနာနဲ့ စာရေးဆရာက သုတေသနပြု ရေးသား ထားတယ်လို့ မြင်တယ်" ဟု ၈၈ မျိုးဆက်ကျောင်း သားဟောင်း ဦးမြအေးက ပြောသည်။

ထို့ပြင် ယင်းစာအုပ်တွင် စာရေးဆရာ ဇော်သက် ထွေးက “အင်းစိန်ထောင်မှ ဂန္ထဝင်လူမိုက်ကြီး များ” ၀တ္တုတွင် ရက်စက်သော သတ်ဖြတ်မှုများ၊ ကြမ်းကြုတ်သောအပြုအမူများ၊ ရုန့်ရင်းကြမ်းတမ်း သောစကားပြောများ ပါရှိနေပါသဖြင့် အသက် (၁၈) နှစ်အောက်ကလေးငယ်များ ဆင်ခြင်တုံတရားနှင့် ဖတ်ရှုနိုင်ရန် မိဘ၊ လူကြီးများ၏ ခွင့်ပြုချက်လိုအပ် ကြောင်းလည်း အမှာစာရေးသားထားသည်။

ဆရာဇော်သက်ထွေးသည် ကြမ်းတမ်းသောစစ်ပွဲနှင့် နူးညံ့သောနှလုံးသား၊ ကျွန်တော်သေဒဏ်ကျခဲ့သော ၁၇ လ၊ ၁၇ ရက်နှင့် ယခု “အင်းစိန်ထောင်မှ ဂန္ထဝင်လူမိုက်ကြီး များ” စာအုပ်အပါအဝင် စာအုပ် ၃ အုပ် ရေးသား ထုတ်ဝေခဲ့ပြီးဖြစ်သည်။

ယင်းစာအုပ်မိတ်ဆက်ပွဲသို့ လွှတ်တော်ကိုယ်စား လှယ်များ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျောင်သားဟောင်းများ၊ စာပေ၊ ရုပ်ရှင်အနုပညာရှင်များနှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းများတက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly