ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား U2 အဖွဲ့ဝေဖန်

ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား U2 အဖွဲ့ဝေဖန်
ဓာတ်ပုံ-EPA
 

မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂါလီပြည်သူများကြံုတွေ့နေရသည့် အကြမ်းဖက်မှု ကိစ္စများနှင့် ထိတ်လန့်တုန်လှုပ်စရာကိစ္စများအပေါ် နှုတ်ဆိတ်နေကြောင်း U2 အဖွဲ့က စနေနေ့က သူတို့၏ တရားဝင်ဝက်ဘ်ဆိုက်မှတဆင့် ပြောဆိုဝေဖန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုဘယ်ဆုရ သူမ၏ မိတ်ဆွေများအပါအဝင် သူမကိုထောက်ခံသူဟောင်း တချို့၏ ဝေဖန်မှုကို လက်ရှိတွင် ကြံုတွေ့နေရသည်။

U2 အဖွဲ့၏ တရားဝင် ၀က်ဘ်ဆိုက်စာမျက်နှာ၌ ယင်းအဖွဲ့က ၄င်းတို့သည် မြန်မာနိုင်ငံဒီမိုကရေစီ ရရှိအောင် ကြိုးပမ်းခဲ့သည့်အတွက်   နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်   ပြန်လည်လွတ်မြောက်ဖို့ အတွက် နှစ်ပေါင်းများစွာကြာအောင် တိုက်တွန်းလှုံ့ဆော်ပေးခဲ့ဖူးကြောင်း ရှေးဦးစွာရေးသားထားသည်။

U2 အဖွဲ့ဝင်များဖြစ်ကြသည့် အဒမ်၊ ဘိုနို၊ အိဒ် နှင့် လယ်ရီတို့ လက်မှတ်ထိုးထားသော အဆိုပါပို့စ်၌ “ အိုင်ယာလန်နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသားခွင့်အဖွဲ့ကို ကျေးဇူးတင်စကားပြောကြားဖို့ သူမ ဒဗ်ဘ်လင်မြို့ ကို ရောက်ရှိလာတုန်းက ကျွန်တော်တို့အိုင်းရစ်ပြည်သူတွေ တကယ့်ကို ဂုဏ်ယူခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့ရွေးကောက် ပွဲမှာ သူမရဲ့ NLD ပါတီ တောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီး သူမဟာနိုင်ငံရဲ့အကြီးအကဲဖြစ်လာတာဟာ တကယ့်ကို မဖြစ်နိုင်တဲ့ ခရီးကြမ်းကိုလျှောက်လှမ်းပြီး ပန်းတိုင်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအတွင်းမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် ဘင်္ဂါလီ ၆ သိန်းကျော် အရေးကိစ္စနှင့်ပတ်သက်၍ နှုတ်ဆိတ်နေလိမ့်မည်ဟု သူတို့ဘယ် တုန်းကမှ မတွေးမိခဲ့ဖူးကြောင်း အဆိုပါပို့စ်၌ ဖော်ပြထားသည်။

ဒါ့အပြင် U2 အဖွဲ့ဝင်များက “ ပဋိပက္ခတွေအပေါ်မှာ ရှင်းလင်းပြတ်သားစွာနဲ့ ကျယ်ကျယ်လောင်လောင် ပြောဆို ဝေဖန်လေ့ရှိတဲ့ ကျွန်တော်တို့ယုံကြည်ခဲ့ရတဲ့ အမျိုးသမီးကြီးဟာ အခုလိုမျိုး နှုတ်ဆိတ်နေလိမ့်မယ်လို့ ကျွန်တော်တို့ ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဖူးပါဘူး။ သူမရဲ့ရှေ့မှောက်မှာပဲ ဘင်္ဂါလီတွေအပေါ် ဆက်ဆံခံနေရ တာကို မြင်ရတာ ကျွန်တော်တို့ စိတ်နှလုံးထိခိုက်ရသလို ပူဆွေးသောကရောက်ရပါတယ်” ဟု ပြောဆိုခဲ့သည်။

အိုင်းရစ်ဂီတပညာရှင်များက သူတို့သည် မြန်မာနိုင်ငံ၌ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည်အား တိုက်ရိုက်ပြောဆိုနိုင်ရန် မကြာသေးခင်လပိုင်းအတွင်းက ကြိုးစားဆက်သွယ်ခဲ့ကြောင်းနှင့် ယခု အပတ်အတွင်း၌လည်း သူမနှင့်စကားပြောဆိုဖို့ ရည်ရွယ်ပြီး ဖုန်းခေါ်ဆိုခဲ့သော်လည်း ခေါ်ဆိုမှုပယ်ဖျက်ခံရ ကြောင်း ပြောခဲ့ကြသည်။

“ အခုဖြစ်နေတဲ့ပုံက ဒေါ်အောင်ဆန်းစုကြည်ဟာ အခုကိစ္စတွေကို သဘောတူလက်ခံထားတာကြောင့် နှုတ်ဆိတ်နေတဲ့ပုံပေါ်ပါတယ်။ မာတင်လူသာကင်း ပြောသလိုပါပဲ။ ၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ဆိုတာဟာ လူဆိုးတွေရဲ့ ဖိနှိပ်မှုနဲ့ ရက်စက်မှုကြောင့်မဟုတ်ပါဘူး။ အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လူကောင်းတွေနှုတ်ဆိတ် နေတာကမှ ၀မ်းနည်းစရာကောင်းတာပါ ဆိုတဲ့အတိုင်းပါပဲ။ သူမ ဒီကိစ္စအတွက် မျက်နှာချင်းဆိုင်ရပ်တည်ပြီး ထုတ်ဖော်ပြောဆိုဖို့အတွက် အချိန်ကတော်တော် ကုန်သွားပါပြီ” ဟု U2 အဖွဲ့က ဆက်လက်ပြောဆိုခဲ့သည်။

ဒါ့အပြင် U2 အဖွဲ့က  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်နှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့သေး ပြီး ဖိအားပေးဖို့ကိုလည်း U2 အဖွဲ့က တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly