အာဆင်နယ်အသင်းတွင်သာ ဆက်လက်ကစားချင်သည်ဟု ဂီရော့ဒ်ဖွင့်ဟ

အာဆင်နယ်အသင်းတွင်သာ ဆက်လက်ကစားချင်သည်ဟု ဂီရော့ဒ်ဖွင့်ဟ

နိုဝင်ဘာ ၁၂၊ အင်္ဂလန် ။              ။ အာဆင်နယ်အသင်းတွင် ပွဲထွက်ကစားခွင့် အချိန်အကန့်အသတ်ဖြင့်သာ ကစားနေရသော်လည်း ပျော်ရွှင်ကြောင်းနှင့် အာဆင်နယ်အသင်းတွင်သာ ဆက်လက်ကစားသွားလိုသေးကြောင်း တိုက်စစ်မှူး ဂီရော့ဒ်က ပြောဆိုလိုက်သည်။

“လက်ရှိအချိန်မှာ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ်ပြန်မမေးချင်သေးပါဘူး။ အာဆင်နယ်မှာ ကစားနေရတာကို ပျော်ပါတယ်။ အာဆင်နယ်မှာ ဆက်ရှိနေရတာ အဆင်ပြေပါတယ်။ ကျွန်တော်က ဒီမှာ ဆက်ကစားချင်တာကိုး” ဟု ဂီရော့ဒ်က ဆိုသည်။

ယခုနှစ်ရာသီတွင် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးသည် တိုက်စစ်မှူးသစ် လာကာဇက်တီကို အဓိကပွဲထွက် တိုက်စစ်မှူးအဖြစ် အသုံးပြုနေပြီး ဂီရော့ဒ်ကို ဒုတိယဦးစားပေးအဖြစ်သာ အသုံးပြုလျက်ရှိသည်။

ဂီရော့ဒ်ကို အဲဗာတန်အသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့သေးသော်လည်း ပြင်သစ်တိုက်စစ်မှူးက အာဆင်နယ်တွင်သာဆက်နေရန် ဆုံးဖြတ်ခဲ့သည်။ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင်လည်း အပြောင်းအလဲရှိမည် မဟုတ်ကြောင်း ဂီရော့ဒ်က ဆိုခဲ့သည်။

ဂီရော့ဒ်သည် ယခုနှစ်ရာသီတွင် အာဆင်နယ်အသင်းအတွက် ၁၄ ပွဲ ပါ၀င်ကစားခွင့်ရထားပြီး ၃ ဂိုးသာ သွင်းယူထားနိုင်သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required