ပီအက်စ်ဂျီတွင် မည်သည့်ပြဿနာမှ မရှိကြောင်း ဘရာဇီးတိုက်စစ်မှူးနေမာ ၀မ်းနည်းစွာ ဖွင့်ဟ

ပီအက်စ်ဂျီတွင် မည်သည့်ပြဿနာမှ မရှိကြောင်း ဘရာဇီးတိုက်စစ်မှူးနေမာ ၀မ်းနည်းစွာ ဖွင့်ဟ

နိုဝင်ဘာ ၁၂၊ ဂျပန် ။             ။ ပီအက်စ်ဂျီအသင်းတွင် နည်းပြအမ်မရီအပါအဝင် အသင်းဖော်အချို့နှင့် အဆင်မပြေဖြစ်နေသည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ဘရာဇီးတိုက်စစ်မှူးနေမာက ဖွင့်ဟပြောဆိုလိုက်သည်။

ဘရာဇီးအသင်းက ဂျပန်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲအပြီးတွင် နေမာအား ထိုကိစ္စရပ်များနှင့် ပတ်သက်၍မေးမြန်းခဲ့ရာ ၎င်းမှာ ၀မ်းနည်းမျက်ရည်ပင် ကျဆင်းခဲ့သည်။

“ကျွန်တော်ပဲရစ်မှာ အဆင်ပြေပါတယ်။ ပျော်လည်း ပျော်ပါတယ်။ ကွင်းထဲမှာ အကောင်းဆုံးပေးဆပ်နိုင်ဖို့ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားပါတယ်။ ကာဗာနီနဲ့ပြဿနာမရှိသလို နည်းပြအမ်မရီနဲ့လည်း ဘာပြဿနာမှ မရှိပါဘူး။ လုပ်ကြံဖန်တီးထားတဲ့ ဒီသတင်းကို ကျွန်တော် အဆုံးသတ်ချင်ပါတယ်။ ဒီသတင်းတွေက ကျွန်တော့်ကို စိတ်ပျက်စေပါတယ်။ ကျွန်တော်ဟာ ပီအက်စ်ဂျီအသင်းနဲ့နည်းပြအမ်မရီကို ကူညီဖို့ ဒီကိုရောက်လာတာပါ” ဟု နေမာက ပြောဆိုခဲ့သည်။

ဘရာဇီးနည်းပြတီတီကလည်း နေမာသည် အဝတ်လဲခန်းအတွင်း ဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး နှလုံးသားလှသူတစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags