ဖိလစ်ပို်င်ရောက် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဟောင်း အာရိုယိုက ဂုဏ်ပြုညစာဖြင့် တည်ခင်း

ဖိလစ်ပို်င်ရောက် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဟောင်း အာရိုယိုက ဂုဏ်ပြုညစာဖြင့် တည်ခင်း
(ဓာတ်ပုံ - အေအက်ဖ်ပီ)

ဖိလစ်ပို်င်သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့အား ဖိလစ်ပိုင် သမ္မတဟောင်းဖြစ်ကာ လက်ရှိ ပမ်ပန်ဂါ ၂ အမျိုးသမီးခရိုင်ကိုယ်စားလှယ် ဂလိုရီယာ အာရိုယိုက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ 

သက်ဆိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ် Tricia Zafra က တွစ်တာတွင် ရေးသားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဟွန်ဆန်တို့အား ပမ်ပန်ဂါခရိုင် Clark ရှိ Midori Hotel တွင် တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်း ရေးသားထားသည်။ 

ထိုသို့ ဧည့်ခံရာတွင် လာမည့် သီတင်းပတ် ၃၁ ကြိမ်မြောက် အာဆီယံ ခေါင်းဆောင်များ ထိပ်သီညီလာခံသို့ တက်ရောက်ရန် ရောက်ရှိလာသော ခေါင်းဆောင်နှစ်ဦးကို ဖိလစ်ပို်င် အစားအစာများဖြင့် ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် ဟွန်ဆန်တို့သည် Clark အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၁၁ ရက် ယနေ့အစောပို်င်းက ရှေ့ဆင့်နောက်ဆင့် ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ 

မနီလာတွင် နိုဝင်ဘာ ၁၃ မှ ၁၅ အထိ ကျင်းပမည့် အာဆီယံထိပ်သီညီလာခံသို့ နိုင်ငံနှင့် အစိုးရခေါင်းဆောင်ပေါင်း ၂၁ ဦးအထိ တက်ရောက်ကြမည်ဖြစ်သည်။ 

လက်ရှိတွင် ဗီယက်နမ်သို့ ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ ဒူတာတေးက လာမည့် နိုဝင်ဘာ ၁၂ ရက် ညတွင် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသော ခေါင်းဆောင်များကို ၎င်း၏ ဇနီးဖြစ်သူ အီဗန်စီနာနှင့်အတူ ညစာကို တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required