အိန္ဒိယနှင့် မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရန်ကုန်ကြေညာချက် ၁၉ ချက်အား သဘောတူ

အိန္ဒိယနှင့် မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရန်ကုန်ကြေညာချက် ၁၉ ချက်အား သဘောတူ
ဓာတ်ပုံ - သက်ကို

 

လုံခြံုရေးတပ်ဖွဲ့များကြား ပူးပေါင်းဆောင်ရွက်မှုများ မြင့်တင်ရေးကို အဓိကဦးစားပေးကာ အိန္ဒိယနှင့် မြန်မာ အိမ်နီးချင်းနှစ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေး မြှင့်တင်ရေးအတွက် နှစ်နိုင်ငံမှ ကိုယ်စားလှယ်များသည် ရန်ကုန်ကြေညာချက် ၁၉ ချက်ကို သဘောတူခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်တို့ကဲ့သို့ မြန်မာကိုယ်စားပြု ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှု မြင့်မားရေးတွင် အိန္ဒိယက ပိုမိုရင်းနှီးမြုပ်နှံရန်နှင့် အခန်းကဏ္ဍပိုမို ပါဝင်ရန် တောင်းဆိုသည်။

ဖွံ့ဖြိုးရေးမှသည် အကြမ်းဖက်ဝါဒ တိုက်ဖျက်ကာ ငြိမ်းချမ်းရေးဖော်ဆောင်မှုဆီအထိ နယ်ပယ်အားလုံးတွင် ပူးပေါင်းဆောငရွက်သွားမည်ဟု အိန္ဒိယတာဝန်ရှိသူများကလည်း ကတိခံသည်။

ရခိုင်တွ်င ဂျီဟတ်ဝါဒ နောက်ဆုံးဖြစ်ပေါ်မှုကို အဓိကထားလျက် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး နှစ်နိုင်ငံ အေဂျင်စီများကြား အချိန်နှင့် တစ်ပြေးတည်း ထောက်လှမ်းရေးသတင်းများ ဖလှယ်သွားရေးကို အိန္ဒိယ ပြည်ပထောက်လှမ်းရေး အကြီးအကဲဟောင်း Rajinder Khanna က တိုက်တွန်းသည်။

ကိုလ်ကတ္တားအခြေစိုက် Institute of Social and Cultural Studies ISCS နှင့် ရန်ကုန်အခြေစိုက် Myanmar Institute of Strategic & Internation Studies MISIS တို့ ပူးပေါင်းကျင်းပသည့် “India-Myanmar relations: Way Forward” (အိန္ဒိယ-မြန်မာ ဆက်ဆံရေး၊ ရှေ့သို့လှမ်းချီ) နှစ်ရက်တာ ညီလာခံတွင် သဘောတူညီချက်အား ထုတ်ပြန်သည်။

-ဒီမိုကရေစီနိုင်ငံများအနေဖြင့် အိန္ဒိယနှင့် မြန်မာကြား နယ်ပယ်အားလုံးတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သင့်သည်။ နှစ်ဖက် နို်င်ငံခေါင်းဆောင်များ ကြိမ်ဖန်များစွာ လည်ပတ်ခြင်းဖြင့် ပိုမိုလက်တွဲပူးပေါင်းသည့် အပြုသဘော ပတ်ဝန်းကျင်ကို ဖန်တီးနေသည်။ ယခုညီလာခံသည် အစိုးရများ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးများ၊ ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ အင်န်ဂျီအိုများ၊ အမျိုးသမီးအဖွဲ့အစည်းများ စသည့်နယ်ပယ်များအားလုံးတွင် သမိုင်းဝင် အိမ်နီးချင်း နှစ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံမှုများ မြှင့်တင်သွားရေး တောင်းဆိုသည်။

-အိန္ဒိယ အရှေ့မြောက်ပိုင်းက တိုင်းရင်းသားအုပ်စုများနှင့် အငြင်းပွားမှုများကို ဖြေရှင်းနေရသည့် အတွေ့အကြံုများကို အိန္ဒိယက ဖလှယ်ခြင်းဖြင့် မြန်မာ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သွားမည်။

-ယခု လက်ရှိကာလသည် ကမ္ဘာ့လုံးဆိုင်ရာအားဖြင့်လည်း အကြမ်းဖက်ဝါဒနှင့် ဒုက္ခသည်များ စီးဝင်မှုသည် အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုဖြစ်သည်။ ငြိမ်းချမ်းရေး၊ ချမ်းသာကြွယ်ဝရေးနှင့် တည်ငြိမ်သောအိ်မ်နီးချင်း မိတ်ဖက်သည် အားလုံး၏ သဘောထားဖြစ်သည်။ မြန်မာနို်င်ငံ လုံခြံုရေးနှင့် ငြိမ်းချမ်းရေးသည် အိန္ဒိယ၏ လုံခြံုရေးအတွက် အရေးကြီးသကဲ့သို့ ဒေသတွင်း လုံခြံုရေးအတွက်လည်း အရေးကြီးသည်။

-အိန္ဒိယနှင့် မြန်မာကြား လုံခြံုရေးတပ်ဖွဲ့ဝင်များက နယ်စပ် နှစ်ဖက်စလုံးတွင် အစွန်းရောက်လှုပ်ကြားမှုများကို တားဆီးရေးကို အတူ တားဆီးကာကွယ်သည်။ နယ်စပ်တစ်လျှေက် ပုံမှန်မဟုတ်သော ခြိမ်းခြောက်မှုများကို တားဆီးရေးအတွက် ပိုမိုအားထုတ် ပူးပေါင်းသည်။

-ဘင်္ဂလားပင်လယ်အော်သည် အိန္ဒိယ-မြန်မာ လုံခြံုရေးပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသည်။

-ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အိန္ဒိယနှင့် မြန်မာကြားက ကုန်သွယ်မှုသည် နှစ်ဆတက်ကာ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရှိသည်။ ပိုမိုချိတ်ဆက်မှုကဖြင့် ကုန်သွယ်ရေးအတားအဆီးများအား ကိုင်တွယ်ဖြေရှင်းရေးကို နှစ်နိုင်ငံစလုံး အားခွန်စိုက်ထုတ်ရန်။ အထူးအားဖြင့် အိန္ဒိယဘဏ်များက မြန်မာနိုင်ငံတွင် ကုန်သွယ်ရေး ရင်းနှီးမြုပ်နှံမှုများ လွယ်ကူချောမောရေးကို ပိုမိုအားစိုက်ထုတ်သင့်သည်။ လက်ရှိ အရောင်းအဝယ်များသည် စင်ကာပူမှတစ်ဆင့် အဓိကဖြတ်သန်းလုပ်ကိုင်နေရသည်။ အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံတွင်း ပုဂ္ဂိလဘဏ်များ ဖွင့်လှစ်ရေးကို အားမြှင့်သွားသင့်သည်။

-မြန်မာနို်င်ငံကလည်း နိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကို အထူးပြုကာ ပြုပြင်ပြောင်းလဲပြီး အခြားနိုင်ငံများနှင့် ဘဏ္ဍာလုပ်ငန်း ချိတ်ဆက်နိုင်ရမည်။

-မြန်မာနိုင်ငံက အိန္ဒိယ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုသည် ထင်သလောက် ခရီးမပေါက်သေးပေ။ အိန္ဒိယကုမ္ပဏီများအနေဖြင့် မြန်မာနို်င်ငံတွင် အနာဂတ်အခွင့်အရေးများကို သတိပြုထားသင့်သည်။

-ကုန်သွယ်ရေးအတွက် မြန်မာ-အိန္ဒိယ ငွေကြေး အသုံးပြုလဲလှယ်ရေး လွယ်ကူချောမွေ့ရန်။

-အိန္ဒိယနိိုင်ငံမှ ဖွံ့ဖြိုးမှုနည်းပါးသောနိုင်ငံများသို့ ပေးသော အခွန်ကင်းလွတ်ကုန်သွယ်ရေးမှ အကျိုးအမြတ်အပါအဝင် အာဆီယံ၊ အိန္ဒိယနှင့် ASEAN-FTA တို့အတွက် မြန်မာနိုင်ငံက မဟာဗျူဟာကို ရေးဆွဲထားရမည်။

-အိန္ဒိယအရှေ့မြောက်ပိုင်း အထူးသဖြင့် မြန်မာနှင့် နယ်စပ်ပြည်နယ်များနှင့် အနောက်ဖက်ရှိ မြန်မာကုန်းတွင်းပိုင်း ဒေသများသည် သုံးဦးသုံးဖလှယ် အဝေးပြေးလမ်းမကြီး၊ Rih-Tedim လမ်းမကြီးနှင့် ကုလားတန်စီမံကိန်းများကြောင့် အကျိုးဖြစ်နိုင်သည်။

-တရားမဝင်နှင့် တရားဝင် ယာဉ်လမ်းကြောင်းကို ထိန်းနို်င်ကာ နှစ်နိုင်ငံအနေဖြင့် ဗီဇာလုပ်ထုံးလုပ်နည်းများကို ဖြေလျော့သင့်သည်။ လက်ရှိတွင် စီးပွားရေးလုပ်ဆောင်မှုများနှင့် E-VISA တို့ကို မိုရတ်-တမူး နယ်စပ်ဂိတ်က ကြပ်မတ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

-အိန္ဒိယ-မြန်မာနှစ်ဖက်စလုံး နယ်စပ်ဧရိယာများနှင့် သုံးဦးသုံးဖလှယ် အဝေးပြေးလမ်းမကြီးနှင့် ကုလားတန်သယ်ယူပို့ဆောင်ရေးစီမံကိန်းအပြင် အခြားသော လမ်းကြောင်းတွင် အထူးစီးပွားရေးနှင့် စက်မှုဇုန်များ တည်ထောင်ခြင်းနှင့်အတူ လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုပါ ပစ်မှတ်ထားရန်။

-အိန္ဒိယနှင့် မြန်မာဆိပ်ကမ်းများကြား ပင်လယ်လမ်းကြောင်းဖက်မှ ကုန်တင်နှင့် ခရီးသည်တင်သင်္ဘောများ ချိတ်ဆက်မှု ကောင်းမွန်တိုးတက်ရန်။

-နှစ်နို်င်ငံစလုံးသည် မိမိတို့နိုင်ငံများ၏ သဘာဝ၊ ယဉ်ကျေးမှု၊ တောရိုင်းတိရစ္ဆာန်၊ မြစ်ကြောင်းခရီးစဉ်နှင့် ဆေးဝါးထုတ်လုပ်ရေးများတွင် အရှိန်မြှင့်တင်သင့်သည်။ ခရီးသွားအေဂျင်စီများအနေဖြင့် လေကြောင်းလိုင်းများနှင့်အတူ မြန်မာမှ အိန္ဒိယ အထူးသဖြင့် အရှေ့မြောက်ပိုင်းကို ဖြတ်လျက် ခရီးသွားစင်္ကြ သွယ်တန်းသွားသင့်သည်။

-အိန္ဒိယနိုင်ငံသည် တောင်၊ အရှေ့တောင်အာရှတို့မှ ဘုရားဖူးများအတွက် ဗုဒ္ဓဘာသာ ဘုရားဖူးကွန်ရက်ပတ်လမ်းရှိ အခြေခံအဆောက်အအုံများကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သင့်သည်။ စီမံခန့်ခွဲမှုနှင့် မြေယာပိုင်ဆိုင်မှုပြဿနာများနှင့် ဘုရားဖူးခရီးများတွင် အကန့်အသတ်ဖြစ်စေသော ဗျူရိုကရက်တင်းကြပ်မှုများကို အားချင်းသုံးသပ်စစ်ဆေးရန်။

-အိန္ဒိယနှင့် မြန်မာတို့သည် ငြိမ်းချမ်းရေး၊ ကရုဏနှင့် မေတ္တာတို့အပါအဝင် ဗုဒ္ဓ၏ အလယ်အလတ်လမ်းစဉ်တို့အား ကမ္ဘာ့သို့ ပူးတွဲကား သတင်းစကား ပိုမိုဆောင်ကြဉ်းပေးရမည်။ ဗုဒ္ဓဂါယာနည်းတူ အခြားသော ဘာသာရေးဌာနေများကိုလည်း ဝင်ရောက်ခွင့် စဉ်းစားသုံးသပ်ရန်။

-မြန်မာနှင့် အိန္ဒိယကြားက သမိုင်းတွင် ဗုဒ္ဓဘာသာ ဆက်နွှယ်မှုအား သုတေသနပြုထားရှိရန်။ ဘာသာအားလုံး၏ ကျင့်ဝတ်များကို အခြေခံသော ဘာသာပေါင်းစုံဆွေးနွေးပွဲများကို အားပေးသွားရန်။ အိန္ဒိယ-မြန်မာဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုများဆိုင်ရာ စွယ်စုံကျမ်း ဖြစ်မြောက်ရေး။

အိန္ဒိယနှင့် မြန်မာကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်သွားရန်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required