ကျူးကျော်ရပ်ကွက်နေ ဘဝကို ရိုက်ကူးထားသည့် အမည်ပေါက်နှင့်ကျူး ရုပ်ရှင် ဇာတ်ကား ရုံတင်ပြီ

ကျူးကျော်ရပ်ကွက်နေ ဘဝကို ရိုက်ကူးထားသည့် အမည်ပေါက်နှင့်ကျူး ရုပ်ရှင် ဇာတ်ကား ရုံတင်ပြီ

 

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ။                        ။ နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးမှ ပထမဆုံး ပွဲဦးထွက် တင်ဆက်လိုက်သည့် အမည်ပေါက်နှင့်ကျူး ရုပ်ရှင် ဇာတ်ကားကြီးကို နိုဝင်ဘာ ၁၀ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် စတင် ပြသနေပြီ ဖြစ်သည်။

ဇာတ်လမ်း ဇေယျာ ၊ ကိုငယ်လေး (DV5) ဖြစ်ပြီး ဇာတ်ညွှန်း မြမြင့်မိုရ် ၊ နေစိုးသော် ဖြစ်ကာ ဒါရိုက်တာ ဇော်မျိုးမှ ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင်များ အဖြစ် မြင့်မြတ် ၊ အိချောပို ၊ မေကဗျာ ၊ ဇင်ဝိုင်း နှင့် တခြား သရုပ်ဆောင်များစွာတို့ ပါ၀င် သရုပ်ဆောင်ထားကြသည်။

 အမည်ပေါက်နှင့်ကျူး ရုပ်ရှင် ဇာတ်ကားသည် ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူများ၏ ဘဝကို ပုံဖော် ရိုက်ကူး ပြသထားသည့် ဒရာမာ ရုပ်ရှင်ကားဖြစ်ပြီး တကယ့်ကျူးကျော်ရပ်ကွက်တွင် သွားရောက် ရိုက်ကူးထားခြင်း ဖြစ်သည်။

 ထိုဇာတ်ကားသည် ငွေမရှိသော်လည်း ပျော်ပျော်နေတတ်သည့် ကျူး ရပ်ကွက်သားများ ၊ အကူအညီလိုရင် အချိန်မရွေး ကူညီ ပေးတတ်သည့် မြန်မာလူမျိုးတို့၏ စိတ်ဓါတ် ၊ အခက်အခဲနှင့် ရင်ဆိုင်ရလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရင်ဆိုင် ဖြေရှင်းဖို့ လိုအပ်ကြောင်းတွေကို ရိုက်ကူးပြသထားသည်။

 အမည်​​ပေါက်​နှင့်ကျူး ရုပ်​ရှင်​ဇာတ်​ကားတွင်​ ​မြေလုတိုက်​ပွဲများနှင်​့ မိသားစု​ရေးရာပြသနာများ​ကြောင်​့ တရားရုံး တွင်​ ​ဖြေရှင်​းကြရသည်​့ ဇာတ်​ဝင်​ခန်​းများပါရှိပြီး ထိုဇာတ်ဝင်ခန်းများ အတွက် တရားရုံးအစစ်​တွင်​ ရိုက်​ကူးရန်​ အခက်​အခဲ ရှိခဲ့တာကြောင့် ထိုဇာတ်ကားတွင် တရားရုံး ဆက်​တင်​တစ်​ခုလုံးကို တရားရုံး အင်္ဂါရပ်​နှင့်အညီ အတုတည်​​ဆောက်​ကာ ရိုက်​ကူးခဲ့ကြသည်။

 အငိုမင်​းသား ဟု လူသိများခဲ့သည့် သရုပ်ဆောင် မြင်​့မြတ်​ သည် ယခု​နောက်​ပိုင်​း​တွင် ​စျေးကွက်​ အ​ခြေအ​နေ အရ ဟာသကား​တွေ အရိုက်​များလာခဲ့သည့် သရုပ်ဆောင် မြင့်မြတ်ကို အမည်​​ပေါက်​နှင့်ကျူး ရုပ်​ရှင်​ဇာတ်​ကားတွင် ၎င်း၏ မူလပင်​ကိုစတိုင်​ဖြစ်​သည့် ဒရာမာဇာတ်​ရုပ်​ကို ကြည့်ရှုရမည် ဖြစ်ကာ လက်ရှိတွင် ပရိသတ် များ မှ အကယ်ဒမီ ရနိုင်သည် ဟု ထင်ကြေး ပေးခံနေရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly