ဗီယက်နမ်သမ္မတက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ဗီယက်နမ်သမ္မတက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

 

နိုဝင်ဘာ ၁၁ ။             ။ အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲကို တက်ရောက်ဖို့ ဗီယက်နမ်မှာ ရောက်ရှိနေကြတဲ့ နိုင်ငံခေါင်းဆောင်တွေကို ယမန်နေ့ နိုဝင်ဘာ ၁၀ ရက် ညပိုင်းက ဗီယက်နမ်သမ္မတက ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

ဗီယက်နမ်သမ္မတ ထရန် ဒိုင်ကွမ်က တည်ခင်းဧည့်ခံခဲ့တဲ့ အဆိုပါ ညစာစားပွဲ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

အလားတူ ညစာ စားပွဲ တက်ရောက်လာသူ ခေါင်းဆောင်အများစုကတော့ ဗီယက်နမ် ရိုးရာစတိုင် ဆင်တူတဲ့ ရှပ်အကျင်္ ီတွေ ၀တ်ဆင်ပြီး တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ညစာ စားပွဲကိုတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှ သမ္မတ ဗလာဒီမာ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့အပါအဝင် နိုင်ငံခေါင်းဆောင်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required