စစ်ကိုင်းတိုင်းအတွင်း၌ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု တိုးလာ

စစ်ကိုင်းတိုင်းအတွင်း၌ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု တိုးလာ

မုံရွာ၊ နိုဝင်ဘာ ၁၀။           ။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းအတွင်း၌ ပြည်တွင်းပြည်ပခရီးသွားများဝင်ရောက်မှု တိုးလာခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ် ခရီးသွားဝင်ရောက်မှုထက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ခရီးသွားဝင်ရောက်မှုက ၃၀ ရာခိုင်နှုန်း ကျော် တိုးလာခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူဦးက ပြောသည်။

"အရင်ဘဏ္ဍာနှစ်ထက် အခုဘဏ္ဍာနှစ်မှာ ပြည်တွင်းပြည်ပ ခရီးသွား ၃၀ ဒသမ ၀၉ ရာခိုင်နှုန်း တိုးလာခဲ့တယ်။ ဟိုတယ်နှင့်ခရီးသွားဌာနရဲ့လက်အောက်မှာရှိတဲ့ ဟိုတယ်တွေကနေ တရားဝင် စာရင်းကောက်ယူထားတာ ဖြစ်ပါတယ်။" ၄င်းကပြောသည်။

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဟိုတယ် ၂၉ လုံးအား လိုင်စင်ထုတ်ပေးထားကြောင်း သိရသည်။

ယခုအခါ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားဌာနမှ စစ်ကိုင်းတိုင်းအတွင်းလာရောက်လည်ပတ်နိုင်သော နေရာများအား ဖော်ဆောင်ပေးလျှက်ရှိသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာမြို့၌ လည်ပတ်နိုင်သောနေရာများမှာ သမိုင်းဝင်ဖိုလ်ဝင်တောင်၊ ရွှေဘတောင်၊ အမြင့်မြို့ဟောင်း၊ မိုးညှင်းသံဗုဒ္ဓေ၊ ဗောဓိတစ်ထောင်ဘုရား၊ အလောင်းတော်ကသပအမျိုးသားဥယျာဉ်၊ ကျောက်ကာရွှေဂူနီဘုရား တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required