ထိုင်းရောက် မြန်မာများ အန္တရာယ်ဇုံ ၁၀ ခု ရှောင်ရှားကြပါဟု ဘန်ကောက်မြန်မာသံရုံးနှိုးဆော်

ထိုင်းရောက် မြန်မာများ အန္တရာယ်ဇုံ ၁၀ ခု ရှောင်ရှားကြပါဟု ဘန်ကောက်မြန်မာသံရုံးနှိုးဆော်

ရန်ကုန် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းအစိုးရက သတ်မှတ်ထားသည့် အန္တရာယ်ဇုံ ၁၀ ခုသို့ ရှောင်ရှားကြရန် အထူးသတိပေး နှိုးဆော်လိုက်သည်။

သြဂုတ် ၁၇ ရက်ညနေပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် လူစည်ကားအချက်အခြာကျသည့် လေးမျက်နှာ ဧရာဝဏ်ဘုရားအနီး Ratchprasong လမ်းဆုံ၌ ပြင်းထန်သည့်ဗုံးပေါက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ သြဂုတ် ၁၈ တွင် ယင်းသို့ နှိုးဆော်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ တရားမဝင်နှင့် တရားဝင်အလုပ်သမားများ၊ တက္ကသိုလ်များတွင် ပညာသင်ယူနေသူများ၊ အလည်အပတ်ခရီးသွားများ၊ ဆေးဝါးကုသရန်ရောက်ရှိနေသူများ အမျိုးမျိုးရှိနေသည်။

ပစ်မှတ်ထားနိုင်သည့် စိုးရိမ်ဘွယ် အန္တရာယ်ဇုံ ၁၀ ခုမှာ လတ်ချ်ပစုံလမ်းစုံ၊ ပထွန်ဝမ်လမ်းဆုံ၊ စီလုံလမ်းဆုံ၊ ခေါင်းဆန်လမ်းဆုံ၊ နာရာထိဝတ်လမ်းဆုံ၊ အနုစာဝရီ၊ တုချိုင်လမ်းဆုံ၊ ဘိန်ကျစီရီပန်းခြံ၊ ထောင်လော်လမ်းသွယ် နှင့် စုခွန်ဗစ်လမ်း ဆို့ဖြစ်သည်ဟု ဘန်ကောက်မြန်မာသံရုံးက ထုတ်ပြန်သည်။

ပြင်းထန်သည့် ယင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၀ ဦးရှိပြီး ဒဏ်ရာရသူ ၁၂၅ ဦး ရှိသွားပြီဟု ထိုင်းနိုင်ငံ ယနေ့ သြဂုတ် ၁၈ ထုတ် သည်နေးရှင်း သတင်းစာကဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required