ခြေစမ်းပွဲမှာ ကမ္ဘောဒီးယားကို အနိုင်ရခဲ့တဲ့ မြန်မာ

ခြေစမ်းပွဲမှာ ကမ္ဘောဒီးယားကို အနိုင်ရခဲ့တဲ့ မြန်မာ
Photo: MFF

နိုဝင်ဘာ ၉၊ ရန်ကုန်။           ။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် အိန္ဒိယနှင့်ကစားရမည့် အာရှဖလားခြေစစ်ပွဲအကြိုပြင်ဆင်မှု အနေဖြင့် ကမ္ဘောဒီးယားအသင်းနှင့်ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာ ၂ - ၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။

မြန်မာအသင်းနှင့်ကမ္ဘောဒီးယားအသင်းတို့ခြေစမ်းပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ အိုလံပစ်ကွင်းတွင် ကစားခဲ့ပြီး နှစ်သင်းစလုံးအာရှဖလားအကြိုပြင်ဆင်မှုအဖြစ် အဓိက,ကစားသမားအစုံပွဲထုတ်ကာ ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၅မိနစ်တွင် နောက်ခံလူ ဇော်မင်းထွန်းကသွင်းယူခဲ့ပြီး အနိုင်ဂိုးကို ပွဲချိန် ရ၅မိနစ်တွင် တိုက်စစ်မှူး အောင်သူက သွင်းယူခဲ့သည်။

မြန်မာအသင်းမှာ ၂၀၁၉အာရှဖလားခြေစစ်ပွဲလေးပွဲမြောက်ပွဲစဉ်အဖြစ် အိန္ဒိယအသင်းနှင့် နိုဝင်ဘာ ၁၄ရက်တွင် အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် လက်ရှိအမှတ်ပေးဇယား တတိယနေရာတွင် ရပ်တည်နေပြီး အိန္ဒိယအသင်းကို အနိုင်ရမှသာ ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက် ဆက်လက်ရှင်သန်နိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly