တိုက်ကြီးတွင် တရားမဝင်ကျောက်စုပ်လုပ်ငန်းများကြောင့် ရေတိုက်စား၍ မြစ်ကမ်းပါး ပြိုကျမှုများ ဖြစ်ပေါ်

တိုက်ကြီးတွင် တရားမဝင်ကျောက်စုပ်လုပ်ငန်းများကြောင့် ရေတိုက်စား၍ မြစ်ကမ်းပါး ပြိုကျမှုများ ဖြစ်ပေါ်
ဓာတ်ပုံ-Yangon Police

ရန်ကုန် နိုဝင်ဘာ ၉ ။            ။ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်ပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင် တရားမဝင်ကျောက်စုပ် လုပ်ငန်းများကြောင့် ရေတိုက်စား၍ မြစ်ကမ်းပါး ပြိုကျမှုနေမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယင်းသို့ မြစ်ရေတိုက်စားမှုများဖြစ်ပေါ်နေရခြင်းမှာ ယင်းကျေးရွာအနီးရှိ ကျောက်စုပ်လုပ်ငန်းများ ကြောင့် ဖြစ်သည်ဟု တိုက်ကြီးမြို့နယ်၊ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောသည်။

" ဒီရွာတွေက လွန်ခဲ့တဲ့ လေးငါးနှစ်က တည်ခဲ့တဲ့ ရွာတွေမဟုတ်ဘူး၊ ဟိုးအရင်ကတည်းက တည်ခဲ့ တဲ့ရွာတွေ၊ အရင်တုန်းက တစ်ခါမှ ဒီလိုမကြုံဖူးပဲနဲ့ အခုမှ ဒီလိုဧရိယာအကြီးစားကြီးတွေ ပြိုကျတယ် ဆိုတော့ သူက အောက်မှာ ဂလိုင်ဖြစ်ပြီးတော့ ပြိုကျနေတာလေ၊ ကျောက်စုပ်လုပ်ငန်းတွေနဲ့ သက်ဆိုင်တယ်လို့တော့ ပြောလို့ရတယ်" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောသည်။

နိုဝင်ဘာလ ရ ရက်နေ့မှစတင်၍ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုနေမှုများ ယနေ့ နိုဝင်ဘာ ၉ ရက်နေ့အထိ အနည်းငယ် ဆက်လက်ဖြစ်ပွားနေသည်။

လတ်တလောအနေအထားတွင် မြစ်ကမ်းပါးပြိုကျ မှုကြောင့် လူနှင့်တိရိစ္ဆာန်များ အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း လူနေအိမ် များ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

သည်ဟု တိုက်ကြီးမြို့နယ် ဒေသခံ ဦးခင်ထွန်းက " ဒီနေ့တော့ မြစ်ရေတက်တာ ပြန်ပြီးတော့ လျော့ သွားတဲ့အတွက်ကြောင့် ရေပျော်နေတဲ့ကမ်းပါး တွေက အခုမှ ပဲ့ကျတာပေါ့၊ ရွာရဲ့ရွာလယ် လမ်းမ ကြီးက ထိပ်ပိုင်းနည်းနည်းပါသွားတယ်၊ အရင် ရက်တွေလောက် အခြေအနေမဆိုးတော့ဘူး" ဟု တိုက်ကြီးမြို့နယ် ဒေသခံ ဦးခင်ထွန်းက ပြောသည်။

ကျောက်စုပ်လုပ်ငန်းလုပ်ကိုင်သူများမှာ အခြားမြို့ များမှလုပ်ငန်းရှင်များဖြစ်ပြီး၊ ယင်းလုပ်ငန်းများ မလုပ်ရန် အစိုးရက တားမြစ်ထားသော်လည်း ယနေ့ အချိန်အထိ တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေမှု များရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောသည်။

" လွန်ခဲ့တဲ့ ၄ လလောက်က ဝန်ကြီးချုပ်ကနေ သဲကျောက်စုပ်လုပ်ငန်းရှင် ၃၃ ဦးကို မလုပ်တော့ပါဘူးဆိုပြီး တိုင်းအစိုးရရုံးမှာ လက်မှတ်ထိုးခိုင်းတယ်၊ လက်မှတ်ထိုးခိုင်းလိုက် တဲ့အခါကျတော့ လက်မှတ်ထိုးထားသူတွေ က ဦး မဆောင်ဘဲ အခြားလက်မှတ်မထိုးတဲ့သူတွေက လုပ်တယ်" ဟု ဦးလွင်မင်းစိုးက ပြောသည်။

၄င်းတို့ကို တားဆီးရန်အတွက် ရဲတပ်ဖွဲ့အင့်အား နည်းပါးမှုနှင့် ပြောင်းရွှေ့လုပ်ကိုင်ရသည့် ယင်း လုပ်ငန်းအခြေအနေများကြောင့် သက်ဆိုင်ရာ အနေနှင့်လည်း တားဆီးရန်အခက်အခဲများ ရှိနေသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ဆက်လက် ပြောသည်။

ကျောက်စုပ်လုပ်ငန်းများ နှစ်ပေါင်းများစွာ လုပ်ကိုင် လာခဲ့သည့်အတွက် မြစ်အောက်ခြေတွင် ဂလိုင် အဖြစ် လှိုက်စားလာပြီး၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးနှင့် တိုင်းထွာချက်အရ ပေ ၁၀၀ လောက် အနက် ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် နိုဝင်ဘာလ ရ ရက်နေ့က အလျား ပေ ၁၅၀ × အနံ ၁၀ ပေအထိ ပြိုကျခဲ့ပြီး၊ နိုဝင်ဘာ ၈ ရက်နေ့က အလျား ၅၀ ပေ၊ အနံ ၁၀ ပေခန့် မြစ်ကမ်းပါး ထပ်မံပြိုကျမှုဖြစ်ပွားခဲ့သည်။ မနေ့ကအထိ ကမ်းပါး ပြိုကျသည့်နေရာအနီးရှိ လူနေအိမ်စုစုပေါင်း ၁၃၇ လုံးအား ဘေးလွတ်ရာဘုန်းကြီးကျောင်းနှင့် ကမ်း နှင့်ကွာဝေးသည့် စိုက်ပျိုးမြေများသို့ ယာယီ ပြောင်း ရွှေ့ခဲ့ရသည်။

နိုဝင်ဘာ ၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းရွှေ၊ တိုက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး
တို့ပါ၀င်သောအဖွဲ့က မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား ခဲ့သည့်နေရာသို့ သွားရောက်၍ အစားအသောက် နှင့် ဆေးဝါးများပံ့ပိုးကူညီခဲ့သည်။

ယနေ့နိုဝင်ဘာလ ၉ ရက်နေ့တွင်လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆန်အိတ် ၂၀၀ ကျော်နှင့် ဆီ ၁၀ ပုံးလှူဒါန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required