သင့်အစာစားချင်စိတ်နဲ့ သင်အချိ်တ်အဆက်မိပါစေ

သင့်အစာစားချင်စိတ်နဲ့ သင်အချိ်တ်အဆက်မိပါစေ

ရေးသားသူ Kyaw Thura Htun
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သင့်ရဲ့အစားစားချင်စိတ်နဲ့ သင်အချိတ်အဆက်မိနေပါစေ

ကျွန် ​​တော်​တို့မှာအစာအိမ်​ကတဂွမ်​ဂွမ်​မြည်​​ခြင်းအပြင်​ဗိုက်​ဆာခြင်းကိုအချက် ​​ပြမှု​တွေအများကြီးရှိပါ​သေးတယ်​။တီဗွီကအစားအစာ​ကြော်​ငြာ၊ပွဲ​တော်​ များ၊မုန်​့စားတန်​းကအနံ့များ၊ရုံးကစားစရာအနံ့များစတာ​တွေပဲဖြစ်​ပါတယ်​။ပတ် ​ဝန်​းကျင်​မှာရှိတဲ့ဒီအချက်​​တွေကကျွန်​​တော်​တို့ရဲ့အစားစားချင်​စိတ်​ ကိုနှိုးဆွ​ပေးပြီးကျွန်​​တော်​တို့ဗိုက်​မဆာ​နေရင်​​တောင်​ဆာ​နေပြီလို့ထင် ​​စေပါတယ်​။

ရုပ်​ပိုင်​းဆိုင်​ရာ အစာစားချင်​စိတ်​က အစာစားပြီးနာရီ​ ပေါင်​းများစွာကြာမှ ပြန်​ထတာပါ။ စိတ်​ပိုင်​းဆိုင်​ရာ အစာစားချင်​စိတ်​က​တော့ ရုတ်​တရက်​ကြီး ချက်​ချင်​းဆိုသလိုဖြစ်​လာနိုင်​ပါတယ်​။တကယ်​လို့သင်​ ကအမှန်​တကယ်​ဗိုက်​ဆာ​နေတာဆိုရင်​ ​အောက်​ကလက္ခဏာ​တွေထဲကတစ်​ခုခုခံစားရပါလိမ်​့မယ်​။

  • ​ဒေါသထွက်​လွယ်​ခြင်​း
  • ​ခေါင်​းကိုက်​ခြင်​း
  • အားအင်​ကုန်​ခမ်​း ​မောပန်​းနွမ်​းနယ်​ခြင်​း
  • အာရုံစိုက်​ရခက်​ခြင်​း

အစာစားချင်စိတ်ကို ဘယ်လိုုတိုင်းတာမလဲ

အစာမစားခင် ​သင်​အစာစားချင်​စိတ်​ကိုတိုင်​းတာကြည်​့ပါ။သင်​ဘယ်​​လောက်​ဗိုက်​ဆာနေလဲ​ တွေးကြည်​့ပါ။တိုင်​းတာတဲ့အခါအတိုင်​းအတာ၁၀မှာ၄က​နေ၆အကြားရှိလျှင် အစာစားသင်​့ပါတယ်​။သင်​ဟာဗိုက်​ဆာ​နေတဲ့အချိန်​စား​ပေမယ်​့ဗိုက်လုံးဝ​ပြည်​ ့သွားတဲ့အခါရပ်​လိုက်​တဲ့သ​ဘောပါ။

အချိန်အကြာကြီးဆွဲပြီး မစား​ဘဲနေခြင်းကိုတော့ မဖြစ်အောင်ကြိုးစားပါ။ဗိုက်အလွန်ဆာပြီးအာရုံမစိုက်​နိုင်​​တော့တဲ့အထိ အတိုင်းအတာ ၁ (သို ့) ၂ ရောက်တဲ့အထိ ဖြစ်​တာကသင့်ကို အစားအလွန်အကျွံစားစေပါတယ်​။အ​ပေါ်က​ပြောသွားတဲ့အချက်​​တွေထဲကတစ်​ခုခုကိုသင်​ ခံစားရပြီဆိုရင်​သင်​အစာစားဖို့စဉ်​းစားသင်​့ပါပြီ။

အတိုင်​းအတာ၆ ​လောက်​ထိ​ရောက်​​နေတဲ့အခါအစားအစာကိုမြင်​လိုက်​ရုံနဲ့သင်​့ကိုစား​စေပါတယ်​ ။အစားမလွန်ခင်​ခဏရပ်​ပြီးသင်​ဘယ်​လိုခံစားရလဲ ​တွေးကြည်​့ပါ။သင်​လွန်​ခဲ့တဲ့မိနစ်​အနည်​းငယ်​ကမှစားထားတာလား။သင်​စား​ နေတာကစိတ်​ပိုင်​းဆိုင်​ရာဆာ​လောင်​မှု​ကြောင်​့လားရုပ်​ပိုင်​းဆိုင်​ရာဆာ​ လောင်​မှု​ကြောင်​့လား ။

အစာထပ်စားချင်စိတ်​​တွေပေါ်လာတိုင်အောက်ကနည်းလမ်းတွေကို လုပ်ကြည့်ပါ။

  • ​ရေတစ်​ခွက်​ဒါမှမဟုတ်​ကယ်​လိုရီမပါတဲ့အ​ရည်​တစ်​ခုခု​သောက်​ပါ။
  • မြင်​ကွင်​းကို​ပြောင်​းလဲဖို့ခဏလမ်​း​လျှောက်​ထွက်​ပါ။
  • ​လေ့ကျင်​့ခန်​းတစ်​မျိုးမျိုးလုပ်​ပါ (ထိုင်​ထ၊အ​ပြေး၊ ​ရေကူး၊တင်​းနစ်​​)
  • သူငယ်​ချင်​း / မိသားစုကို​ခေါ် ပြီးစကားပြောပါ
  • စာအုပ်​သို့မဟုတ်​တခြားဖတ်​စရာတစ်​ခုခုဖတ်​ပါ
  • သိုး​မွေးထိုးတာတို့ပန်​းချီဆွဲတာတို့ကြိုက်​လား ။ သင်​ဝါသနာပါရာတစ်​ခုခုကိုတစ်​​ယောက်​​ယောက်​နဲ့လုပ်​​နေပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required