ဘာသာရေးဂိုဏ်းတစ်ခုသို့ ၀င်ရောက်ပြီး မိဘထံနေရပ်မပြန်ကြတော့သည့်အပေါ် တိုင်းအစိုးရမှ စစ်ဆေးမည်

ဘာသာရေးဂိုဏ်းတစ်ခုသို့ ၀င်ရောက်ပြီး မိဘထံနေရပ်မပြန်ကြတော့သည့်အပေါ် တိုင်းအစိုးရမှ စစ်ဆေးမည်

 

နိုဝင်ဘာလ ၈ ။       ။ ကျံုပျော်မြို့နယ်တွင် တရားမဝင်ထူထောင်ထားသည့် ခရစ်ယာန်ဘာသာရေးအဖွဲ့အား တိုင်းအစိုးရမှ စစ်ဆေး အရေးယူမည် ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က   ပြောသည်။

"နိုင်ငံခြားမှာ သွားအလုပ်လုပ်တဲ့ ကရင်တိုင်းရင်းသားတိုင်းရင်းသူတွေကိသူက စုပေါင်းဟောပြောပြီး ဘာသာအဖွဲ့ ဖွဲ့လိုက်တဲ့အခါ အဲဒီအဖွဲ့ထဲရောက်သွားတဲ့ လူငယ်တွေဟာ သူတို့ ယခင်တုန်းက အလုပ်လုပ်လို့ရတဲ့ ပိုလျှံငွေတွေကို အရင်က မိဘဆွေမျိုးသားချင်းကို ထောက်ပံ့ပေးမယ်။ အခု မထောက်ပ့ံတော့ဘူး။ လှည့်မကြည့်တော့ဘူး၊ မန်းကျော်စိုးကိစ္စအတွက် ကဘိနက်မှာ ဆွေးနွေးတော့ ဗီဒီယိုဖိုင်တစ်ခုပြတယ်။ အဲဒီဖိုင်မှာ အမျိုးသမီးတယောက်က သူမောင်ကိုလာခေါ်တာ သူမောင်မိန်းမဆုံးသွားပြီ။  သူ့သမီးလေးကို စောင့်ရှောက်ဖို့ လာခေါ်တာ။ သူ့သမီးလေးကို အစ်မနဲ့ထားခဲ့ပြီး သူက အဖွဲ့ထဲမှာ သွားလှုပ်ရှားနေတယ်။  သူတို့ရှာရသမျှကို လည်း အဖွဲ့ကိုအပ်တယ်”ဟု စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောသည်။

အဆိုပါ မန်းကျော်စိုးပါ ၆ဦး ဦးစီးသည့်အဖွဲ့အား ခွင့်ပြုထားခြင်းမရှိကြောင်းကို မြန်မာနိုင်ငံ ပိုးကရင် ခရစ်ယာန်အဖွဲ့ချုပ် က အောက်တိုဘာလ ၃၀ ရက်က စာဖြင့် ထုတ်ပြန်ထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်မြို့နယ်၊လှည်းဆိပ်ကျေးရွာတွင် မန်းကျော်စိုး ထူထောင်ထားသည့် ခရစ်ယာန် ကျမ်းစာသင်တန်းပေးခြင်းများ ပြုလုပ်နေပြီး၊ တချို့သင်တန်းသား/သူများသည်  မိဘညီအစ်ကို မောင်နှမ နေအိမ်သို့ ပြန်ရန် လာရောက်ခေါ်ဆောင်ရာတွင် ပြန်လည်လိုက်လိုခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ကျုံပျော်မြို့နယ်တရားရုံးတွင် လှည်းဆိပ်ကျေးရွာနေ မန်းဖိုးကြူ ပါ ၆ ဦးအား တရားစွဲထားမှုများ ရှိကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ်က စတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်မှ သစ်တောဝန်ထမ်းတစ်ဦး၏ သမီးဖြစ်သူအား ကျုံပျော်မြို့နယ်၊လှည်းဆိပ်ကျေးရွာမှာရှိတဲ့ ဦးဖိုးကြူနေအိမ်မှာ သင်တန်းတက်ရောက်ခဲ့ပြီး၊ နေရပ်ပြန်ရန် သွားရောက်ခေါ်ဆောင်ရာ ပြန်မလိုက်ဘဲ နေခဲ့သည့်အတွက် အထောင်နယ်မြေရဲစခန်းတွင် သက်ဆိုင်ရာမိဘများက ရဲစခန်းတွင်  ပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ခဲ့သည်။

ကျုံပျော်မြို့နယ်၊လှည်းဆိပ်ကျေးရွာ မန်းဖိုးကြူနေအိမ်တွင် ခရစ်ယာန်ဘာသာဝင်တချို့ ဦးဆောင်ပြီး ခရစ်ယာန်ဘာသာကို ပျက်စီးရာပျက်စီးကြောင်း လုပ်ကိုင်နေကြောင်း  ကျံုပျော်တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့့ကြောင်း သိရပြီး လျှောက်ထားမျိုအား တရားရုံးတွင် ရာဇဝတ်မှုအမှုအမှတ်၁၄၉/၂၀၁၆အရ တရားစွဲဆိုခြင်း ဖြစ်သည်။

တရားစွဲဆိုခံထားရသူများမှာ မန်းဖိုးကြူ ခေါ် ဦးဉာဏ်ထွန်းဇော်၊ မန်းကျော်စိုး၊ နန်းနီလာထွန်း၊ မန်းဝင်းမြင့် ခေါ် အရှည်ကြီး၊ နန်းတင့်မူ နှင့် မန်းဝင့်ဝါတို့ ဖြစ်သည်၊မြန်မာနိုင်ငံအတွင်းသို့တရားမဝင် အစွန်းရောက်ဂိုဏ်း ထူထောင်သူမန်းကျော်စိုးပါ၆ဦး ဦးစီးသည့် ခရစ်ယာန်ဘာသာရေးအဖွဲ့အား ခွင့်ပြုထားခြင်းမရှိကြောင်း မြန်မာနိုင်ငံပိုးကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required