ဆိုးရွားသည့် ရာသီသစ်စတင်မှုကြောင့် ကစားသမားသစ်ဝယ်ရန် ချယ်လ်ဆီးအသင်းပိုင်ရှင် ခွင့်ပြု

ဆိုးရွားသည့် ရာသီသစ်စတင်မှုကြောင့် ကစားသမားသစ်ဝယ်ရန် ချယ်လ်ဆီးအသင်းပိုင်ရှင် ခွင့်ပြု

လန်ဒန်၊ သြဂုတ် ၁၈ ။         ။ ရာသီသစ်အဖွင့်ပွဲစဉ်များတွင် ဆိုးရွားခဲ့သည့်ရလဒ်များကြောင့် ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်သည် ကစားသမားသစ်များ ဝယ်ယူရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၁ တွင် ဆွမ်ဆီးအသင်းကို အိမ်ကွင်းတွင် ၂-၂ ဂိုးဖြင့်သရေကျခဲ့ပြီး ဒုတိယပွဲတွင် ချန်ပီယံပြိုင်ဘက် မန်စီးတီးကို အဝေးကွင်းတွင် ၃-၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးခဲ့ ရသည်။

အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်၏ ခွင့်ပြုချက်ဖြင့် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုသည် ကစားသမားသစ်သုံးဦးခန့် ဝယ်ယူမည် ဖြစ်သည်။ နည်းပြမော်ရင်ဟိုသည် ခံစစ်ကစားသမားတစ်ဦးနှင့် ကွင်းလယ် တိုက်စစ်အားသန်ကစားသမားတစ်ဦးကို မဖြစ်မနေခေါ်ယူ လိုလျက်ရှိသည်။

ချယ်လ်ဆီးအသင်းသည် ခံစစ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် အဲဗာတန်အသင်းမှ လူငယ်နောက်ခံကစားသမား ဂျွန်စတုန်းကို ပေါင်သန်း ၃၀ ဖြင့် ထပ်မံကမ်းလှမ်းထားရာ ပယ်ချခံထားရသည်။ အဲဗာတန်အသင်းသည် ချယ်လ်ဆီးအသင်း၏ ပထမနှစ်ကြိမ်ကမ်းလှမ်းမှုကိုလည်း ပယ်ချထားပြီး ဂျွန်စတုန်းအတွက် ပေါင် ၃၄ သန်း အလိုရှိနေသည်။

ချယ်လ်ဆီးအသင်းသည် ယခုနှစ်ရာသီတွင် အသင်းမှ ထွက်ခွာသွားသည့် ပီတာချက်၊ ဒရော့ဂ်ဘာနှင့် ဖိလစ်ပီလူးဝစ္စတို့၏ နေရာတွင် စတုခ်ဂိုးသမားဘီဂိုဗစ်၊ ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုနှင့်အော့စ်ဘတ်နောက်ခံလူ ဘာဘာရားမန်းတို့ကိုသာ အားဖြည့်ထားသည်။

ဂါနာလက်ရွေးစင်နောက်ခံလူ ဘာဘာရားမန်းကို ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့ကမှ ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူထားခြင်း ဖြစ်သည်။

ရည်ညွှန်း မယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly