ခံဝန်ချုပ်အား ချိုးဖောက်ခဲ့မိသည့်အတွက် ထောင်ဒဏ် ၂နှစ်မှ ၄နှစ်ခန့်ကျခံရတော့မည့် အဆိုတော်မိခ်မေးလ်

ခံဝန်ချုပ်အား ချိုးဖောက်ခဲ့မိသည့်အတွက် ထောင်ဒဏ် ၂နှစ်မှ ၄နှစ်ခန့်ကျခံရတော့မည့် အဆိုတော်မိခ်မေးလ်

 

အမေရိကန်ရက်ပ်အဆိုတော် မိခ်မေးလ်သည် ခံဝန်ချုပ်ဖြင့်နေထိုင်နေရသူဖြစ်ပြီး သူ၏ခံဝန်အားချိုးဖောက်ခဲ့မိ သည့်အတွက် ထောင်ဒဏ် ၂နှစ်မှ ၄နှစ်အထိ ကျခံရတော့မည်ဖြစ်ကြောင်း အမေရိကန်သတင်းစာများက ဖော်ပြခဲ့သည်။

သူသည်လွန်ခဲ့သော ၂၀၀၈ ခုနှစ်က မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် လက်နက်ကိုင်ဆောင်မှုတို့အတွက် ထောင်ကျခံခဲ့ရသူဖြစ်ပြီး လက်ရှိတွင်ခံဝန်ချုပ်ဖြင့် နေထိုင်နေသူတစ်ဦးဖြစ်သည်။

ထိုသို့ခံဝန်ဖြင့်နေထိုင်နေရသော်လည်း သူသည် လွန်ခဲ့သောမတ်လက လေဆိပ်၌ဖြစ်ပွားခဲ့သော ရန်ပွဲအတွင်း ပါ၀င်ခဲ့သောကြောင့် အဖမ်းခံခဲ့ရပြီး ပြီးခဲ့သောသြဂုတ်လကလည်း အဆင်အခြင်မဲ့ ယာဉ်မောင်းမှုကြောင့် အဖမ်း ခံခဲ့ရကာ မကြာမီတွင် ထိုစွဲချက်နှစ်ခုလုံးမှ သူလွတ်မြောက်ခဲ့သည်။

သို့သော်လည်း တရားသူကြီးများက ထိုသို့အဖမ်းခံခဲ့ရမှုသည် သူ၏ခံဝန်ချုပ်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သလို အစိုးရရှေ့နေများကလည်း သူသည် မူးယစ်သုံးစွဲမှုစစ်ဆေးချက်၌ ကျရှုံးခဲ့ကြောင်း သက်သေတင်ပြခဲ့ကြသည်။

မိခ်မေးလ်အား တေးစီးရီးထုတ်လုပ်ပေးနေသည့် ကုမ္ပဏီဖြစ်သော Roc Nation ၏ ပိုင်ရှင်ဖြစ်သူ ဂျေဇီက ယခု ပြစ်ဒဏ်သည် တရားမျှတမှုမရှိကြောင်းနှင့် အလွန်ကိုကြီးလေးလွန်းကြောင်း ဝေဖန်ခဲ့သည်။

သို့သော်လည်း အမည်ရင်းရောဘတ်ဝီလီယမ်ဟုခေါ်သော အဆိုတော်မိခ်မေးလ်သည် လွန်ခဲ့သောဇန်နဝါရီလ ကတည်းက မူးယစ်ဆေးဝါးသုံးစွဲခဲ့ခြင်းမရှိသလို ခံဝန်ချုပ်ထဲတွင်ပါရှိသည့် စည်းကမ်းချက်အများစုအတိုင်း နေထိုင်ခဲ့သူဖြစ်ကြောင်း သူ၏ရှေ့နေများက ခုခံချေပပေးခဲ့ကြသည်။

ဒါ့အပြင် မိခ်မေးလ်၏ရှေ့နေများသည် အဆိုပါပြစ်ဒဏ်နှင့်ပက်သက်၍ အယူခံဝင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required