ကစားသမားသစ် မဝယ်ယူခင် မလိုအပ်တဲ့ ကစားသမားများ ရောင်းထုတ်ဖို့ မော်ရင်ဟိုကို မန်ယူအသင်း ဘုတ်အဖွဲ့ ပြောဆိုသွားဖွယ်ရှိ

ကစားသမားသစ် မဝယ်ယူခင် မလိုအပ်တဲ့ ကစားသမားများ ရောင်းထုတ်ဖို့ မော်ရင်ဟိုကို မန်ယူအသင်း ဘုတ်အဖွဲ့ ပြောဆိုသွားဖွယ်ရှိ

နည်းပြ မော်ရင်ဟိုအနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမား ဖြည့်တင်းလိုပါက အသင်းမှာ မလိုလားအပ်တဲ့ ကစားသမားများကို ရောင်းထုတ်သွားဖို့  မန်ယူအသင်း ဘုတ်အဖွဲ့က ပြောဆိုလိမ့်မယ်လို့ သိရပါတယ်။

မန်ယူအသင်းဘုတ်အဖွဲ့ဟာ ကစားသစ်ခေါ်ယူမှုအပေါ် ပေးဆောင်ရမယ့် ပြောင်းရွှေ့ကြေးအတွက် ကုန်ကျစရိတ်ကို ထိန်းချုပ်လိုနေပါတယ်။

မော်ရင်ဟိုဟာ မန်ယူအသင်းမှာ ၎င်းရဲ့ နည်းပြ သက်တမ်း ၂ နှစ်ကာလအတွင်း အဓိက ကစားသမား အပြောင်းအရွှေ့ ၆ ခုအတွက် ပေါင် ၂၈၅ သန်း သုံးစွဲခဲ့ပါတယ်။

စက်တင်ဘာလက ထုတ်ပြန်ခဲ့တဲ့ မန်ယူအသင်းရဲ့ လတ်တလော ဘဏ္ဍာရေးရလဒ်က ကစားသမားတွေရဲ့ လစာငွေဟာ ပေါင် ၂၆၃ သန်း အထိရှိပြီး ၁၃.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ပြသခဲ့ပါတယ်။

နောက်ခံလူ လုခ်ရှောအတွက် မန်ယူအသင်း  ၂၀၁၄ က ပေါင် ၂၇ သန်း ကုန်ကျခဲ့ပေမယ့် ဒီရာသီမှာ ကစားနိုင်သေးခြင်း မရှိသေးဘဲ သူဟာ အသင်းကနေ ထွက်ခွာသွားဖို့ အလားအလအရှိဆုံးဖြစ်ပါတယ်။

အသက် ၂၂ နှစ်ရှိ ကစားသမားဟာ ဒဏ်ရာပြဿနတွေနဲ့ ပုံစံကောင်း ပျောက်ဆုံးနေခြင်းတွေကြောင့် ၁၂ လအတွင်းမှာ ပရီးမီးယားလိဂ် ၄ ပွဲသာ ကစားထားပါတယ်။

ဖလာနီရဲ့ အနာဂတ်မှာလည်း မသေချာ မရေရာမှာ ရှိနေပါတယ်။ အဆိုပါဘယ်လ်ဂျီယံရဲ့ စာချုပ်ဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး သူဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပြည်ပကလပ်အသင်းများနှင့် ညှိနှိုင်းနေရာ အလွတ်ပြောင်းရွှေ့ဖို့ များနေပါတယ်။

မော်ရင်ဟိုဟာ ၂၀၁၆ ခုနှစ်၊ မေလက နည်းပြရာထူး ရယူခဲ့ပြီးနောက်ပိုင်း ပထမအသင်းမှ ကစားသမား ၁၆ ဦးအထိ အသင်းမှ ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီပေးကို ပေါင် ၁၆ သန်း နှင့်သာ ရောင်းချခဲ့ရပြီး ပေါင် ၂၂ သန်းနဲ့ ထွက်ခွာသွားတဲ့ မော်ဂန် ရှနိုက်ဒါလင်ကနေသာ ထင်ရှားတဲ့ ဝင်ငွေအဖြစ် ပြန်လည်ရရှိခဲ့ပါတယ်။ ဒါ့အပြင် လစာငွေမြင့်မားတဲ့ ဝိန်းနီနှင့် ရှဝိန်းစတိုင်ဂါတို့မှာလည်း အသင်းကနေ ထွက်ခွာသွားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ယူအသင်းဟာ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားဦးဆောင်သူ မန်စီးတီးရဲ့ နောက် ၈ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags