ကမ္ဘောဒီးယားအသင်းနှင့် ခြေစမ်းပွဲအတွက် မြန်မာအသင်း ထွက်ခွာ၊ ထိုမှတစ်ဆင့် အာရှဖလားခြေစစ်ပွဲအတွက် အိန္ဒိယနိုင်ငံသို့ ဆက်လက် သွားရောက်မည်

ကမ္ဘောဒီးယားအသင်းနှင့် ခြေစမ်းပွဲအတွက် မြန်မာအသင်း ထွက်ခွာ၊ ထိုမှတစ်ဆင့် အာရှဖလားခြေစစ်ပွဲအတွက် အိန္ဒိယနိုင်ငံသို့ ဆက်လက် သွားရောက်မည်
(ဓာတ်ပုံ - MFF)

ကမ္ဘောဒီးယားအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမယ့် မြန်မာ့လက်ရွေးစင်အသင်းဟာ နိုဝင်ဘာလ ရ ရက်၊ ညနေ (၆း၂၀)မှာ ရန်ကုန်လေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာခဲ့ပြီး ထိုမှတစ်ဆင့်  နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အာရှဖလားခြေစစ်ပွဲအတွက် အိန္ဒိယနိုင်ငံသို့ ဆက်လက် သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာလက်ရွေးစင်အသင်းနှင့် ကမ္ဘောဒီးယားလက်ရွေးစင်အသင်းဟာ နိုဝင်ဘာလ ၉ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ဖနွမ်းပင်မြို့ရှိ အိုလံပစ်အားကစားကွင်းမှာ ခြေစမ်းကစားမှာဖြစ်ပါတယ်။ 

မြန်မာအသင်းဟာ အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ကစားရမယ့် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေဖြင့် ကမ္ဘောဒီးယားအသင်းနှင့် ခြေစမ်းပွဲကစားတာဖြစ်ပါတယ်။

မြန်မာအသင်းဟာ နိုဝင်ဘာလ ၁၄ ရက်မှာ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအဖြစ် အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့ရှိ ဂျာဝါဟာလာနေရူးအားကစားကွင်းမှာ မြန်မာစံတော်ချိန်ည ၉ နာရီမှာ အိန္ဒိယလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ကမ္ဘောဒီးယားအသင်းနှင့် ခြေစမ်းပွဲအပြီးမှာ နိုဝင်ဘာလ ၁၁ ရက်မှာ ဖနွမ်းပင်မြို့မှ အိန္ဒိယနိုင်ငံ ဂိုအာမြို့သို့ ဆက်လက် သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအသင်းဟာ အာရှဖလားခြေစစ်ပွဲ ပထမအကျော့ အိမ်ကွင်းမှာ အိန္ဒိယအသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ထားပါတယ်။

မြန်မာအသင်းဟာ အာရှဖလား တတိယအသင့်ခြေစစ်ပွဲ အုပ်စု (A) မှာ အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုအသင်းတို့နှင့်အတူ ကျရောက်နေပြီး (၃) ပွဲကစားပြီးချိန်မှာ (၄)သာ ရရှိထားပါတယ်။

အိန္ဒိယနှင့် အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမယ့် မြန်မာ့လက်ရွေးစင်ကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး ကာဂျစ္စတန်နှင့် ပွဲမှ ကစားသမားစာရင်းအတိုင်း အပြောင်းအလဲ ၂ ဦးသာ ရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်ကစားသမားစာရင်း

ဂိုး - သီဟစည်သူ(ရှမ်း)၊ ကျော်ဇင်ထက်၊ ဆန်းဆက်နိုင်(ရန်ကုန်)

နောက် - ဇော်မင်းထွန်း၊ ဒေးဗစ်ထန်၊ သီဟထက်အောင်(ရန်ကုန်)၊ သိန်းသန်းဝင်း(ရတနာပုံ)၊ ၀င်းမင်းထွဋ်၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင်(ရှမ်း)၊ ကျော်ဇင်လွင်(မကွေး)

လယ် - စည်သူအောင်၊ လှိုင်းဘိုဘို၊ သက်နိုင်(ရတနာပုံ)၊ မောင်မောင်လွင်(ဟံသာဝတီ)၊ ရန်နိုင်ဦး၊ တင်ဝင်းအောင်၊ ဇင်မင်းထွန်း(ရှမ်း)၊ ရန်အောင်ကျော်၊ ကြည်လင်း(ရန်ကုန်)

ရှေ့ - ကျော်ကိုကို၊ သန်းပိုင်(ရန်ကုန်)၊ အောင်သူ(ရတနာပုံ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required