‘Miss Bumbum’ ဘရာဇီး အကောင်းဆုံး တင်ပါးအလှဆုကို အမေဇိုးနားစ်ပြည်နယ် ကိုယ်စားပြု အလှမယ် ရရှိ

‘Miss Bumbum’ ဘရာဇီး အကောင်းဆုံး တင်ပါးအလှဆုကို အမေဇိုးနားစ်ပြည်နယ် ကိုယ်စားပြု အလှမယ် ရရှိ
(ဓာတ်ပုံ - အီးပီအေ)

ဘရာဇီးနိုင်ငံမှာ "Miss Bumbum" တင်းပါးအလှမယ်ပြိုင်ပွဲကို နိုဝင်ဘာလ ရ ရက်နေ့က ဆော်ပေါလိုရှိ နိုက်ကလပ်တစ်ခုမှာ ကျင်းပါခဲ့ပါတယ်။ အကောင်းဆုံး တင်းပါးအလှဆုကို အလှမယ် Rosie Oliveira က ရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါပွဲကို ဆော်ပေါလိုရဲ့ Vila Madalena ရှိ နိုက်ကလပ်တစ်ခုမှာ ပြိုင်ပွဲဝင် ၁၄ ဦးက ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွက် "Miss Bumbum" ဆုရရှိခဲ့တဲ့ Rosie Oliveira ဟာ သမ္မတ မိုက်ကယ်တီမာကို ဆန့်ကျင် ဆန္ဒပြတဲ့အနေနဲ့ စင်မြင့်ပေါ်ကို “Out Temer” ဆိုတဲ့ အလံကို ယူဆောင်လာခဲ့ပါတယ်။

သူမဟာ အမေဇိုးနားစ်ပြည်နယ်ကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး ဘရာဇီးသမ္မတ တီမာ အစိုးရဲ့ သဘာဝပတ်ဝန်းကျင်မူဝါဒများကို ဝေဖန်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတကို ရာထူးမှ ဖယ်ရှားဖို့ တောင်းဆိုခဲ့သူလည်းဖြစ်ပါတယ်။

“ကျမက အမေဇိုးနားစ်ပြည်နယ် ကိုယ်စားပြုယှဉ်ပြုင်သူဖြစ်ပါတယ်။ ကျမက တင်းပါးလှပသူတစ်ဦးမဟုတ်ပေမယ့် ဒီပွဲမှာ ပြသချင်ပါတယ်။ ဘရာဇီးမှာ လှပတဲ့ အရာများစွာရှိပါတယ်။ ဒါတွေကို ကျမ ပြသချင်ပါတယ်။ အဲဒီထဲမှာ ကျမတို့ရဲ့ အမေဇုံက လှပပြီး ဘရာဇီးမှာ အကောင်းဆုံးအရာတစ်ခုကို ကျမတို့ ပိုင်ဆိုင်ထားပါတယ်။”လို့ Oliviera က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ရဲ့ "Miss Bumbum" တင်ပါးအလှပြိုင်ပွမှာ ဲ"Best Butt" ဆုကို အလှမယ် Erika Canela က ရရှိခဲ့ကြောင်း သိရပါတယ်။ 

© EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required