မန္တလေးမြို့တွင် New Style ဘီယာဆိုင် မီးလောင်မှုဖြစ်၊ ကျပ် ၁၅ သိန်း ခန့် ဆုံးရှုံး

မန္တလေးမြို့တွင် New Style ဘီယာဆိုင် မီးလောင်မှုဖြစ်၊ ကျပ် ၁၅ သိန်း ခန့် ဆုံးရှုံး
(ဓာတ်ပုံ၊မီးသတ်ဦးစီးဌာန)

မန္တလေး၊နိုဝင်ဘာ ရ ။           ။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ အကွက်(ငင-၄)၊၅၆လမ်း၊ အနော်ရထာလမ်းနှင့် ဘုရင့်နောင်လမ်းကြားရှိ New Style ဘီယာဆိုင်တွင် နိုဝင်ဘာလ ရ ရက်၊ မွန်းလွဲ ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဆိုင်အတွင်း ဂက်(စ်)အနီးရှိ ပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး ၃၀×၅၀ ပေ၊ သွပ်မိုး၊ အုတ်ခင်း၊ အကာမပါ အဆောက်အဦတစ်လုံးနှင့် ဆိုင်အတွင်းပစ္စည်းများ မီးလောင်သွားရာ စုစုပေါင်းခန့်မှန်းတန်ဖိုး ၁၅၅၀၀၀၀ ဆုံးရှုံးခဲ့ကြောင်း မန္တလေးခရိုင်မီးတပ် တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မီးလောင်ရာသို့ မီးငြိမ်းသတ်ယာဉ် ၁၂ စီး၊မီးသတ်ရေသယ်ယာဉ် ၈ စီး၊ သန္ဓေမီးသတ် ၃၀ ဦးနှင့်အရံမီးသတ် တပ်ဖွဲ့ဝင် ၁၀၀ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ၎င်းဆိုင်မန်နေဂျာ ဦးမင်းမင်းစိုင်းအား အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ-၄၀၈/၂၀၁၇)၊ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required