အယ်လ်ဘမ်အသစ် ထွက်ရှိမည့်ရက်ကို Rain ကြေညာ

အယ်လ်ဘမ်အသစ် ထွက်ရှိမည့်ရက်ကို Rain ကြေညာ

မကြာသေးခင်ကမှ ရင်သွေးလေး၏ ဖခင်ဖြစ်လာသည့် အဆိုတော်နှင့်သရုပ်ဆောင် Rain သည် မကြာမီတွင် အနုပညာလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်တော့မည်ဖြစ်သည်။

နို၀င်ဘာလ ရ ရက်နေ့တွင် Rain ၏ အေဂျင်စီက “ Rain ရဲ့ သီချင်းအယ်လ်ဘမ်အသစ်ကို လာမယ့်ဒီဇင်ဘာ ၁ ရက်နေ့လောက်မှာ ဖြန့်ချီနိုင်မယ်လို့ထင်ပါတယ်” ဟု ကြေညာခဲ့ပြီး ထိုအယ်လ်ဘမ်သည် မီနီအယ်လ်ဘမ်ဖြစ် နိုင်ကြောင်း ပြောဆိုခဲ့သည်။

အနုပညာလုပ်ငန်းများကို ပြန်လည်စတင်တော့မည့် Rain သည် လက်ရှိအချိန်တွင် သူ၏အယ်လ်ဘမ်အတွက် သီချင်းစပ်ခြင်း၊ ဖန်တီးခြင်းနှင့် ထုတ်လုပ်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။ ဒါ့အပြင်သူသည် သူ၏ပေါက်သီချင်း ဖြစ်သော Rainism ကို ထုတ်လုပ်ပေးခဲ့သည့် ဂီတထုတ်လုပ်သူ တေးဝမ်နှင့်လည်း အတူတကွ အလုပ်လုပ် လျက်ရှိသည်။

မကြာသေးခင်က Rain နှင့်သူ၏ ဇနီးသည် ကင်မ်တေးဟီးတို့သည် အောက်တိုဘာလ၂၅ရက်နေ့တွင် ပထမဦးဆုံး ရင်သွေးလေးတစ်ဦးကို ရရှိခဲ့ပြီဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required