မကွေးမြို့တွင် အစိုးရအစီအစဉ်ဖြင့် ဆိုင်ကယ်စီးဦးထုပ်အလုံး တစ်ထောင် အခမဲ့ပေးဝေမည်

မကွေးမြို့တွင် အစိုးရအစီအစဉ်ဖြင့် ဆိုင်ကယ်စီးဦးထုပ်အလုံး တစ်ထောင် အခမဲ့ပေးဝေမည်

မကွေး၊ နိုဝင်ဘာလ ရ ။           ။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ထောက်ပံ့ငွေ ကျပ် ၉၅ သိန်းဖြင့် မကွေးမြို့တွင် ဆိုင်ကယ်စီးဦးထုပ်အလုံး တစ်ထောင် အခမဲ့ပေးသွားမည်ဖြစ်ကြောင်း မကွေးမြို့ အမှတ်(၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး ရဲမှူးသာဌေး က ပြောသည်။

အဆိုပါ အစီအစဉ်ကို နိုဝင်ဘာလ ၆ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး စည်းကမ်းမညီသော ဆိုင်ကယ်များ ဒဏ်ကြေးပေးဆောင်စဉ် အခမဲ့ပေးသွားမည် ဖြစ်သည်။

မကွေးတွင် စည်းကမ်းနှင့်မညီသည့် ဆိုင်ကယ်များအား ဖမ်းဆီးပြီး တရားရုံး၌ ဒဏ်ငွေပေးချေပြီးသူများက ဒဏ်ငွေပေးချေပြီးသည့် ချလန်စာရွက်နှင် ့ ယာဉ်ထိန်း ရဲတပ်ဖွဲ့ထံတွင် ဆိုင်ကယ်များ လာရောက်ထုတ်ယူစဉ် ဆို်င်ကယ်စီးဦးထုပ်များအား အခမဲ့ ပြန်လည်ပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၆  ရက်နေ့က မကွေးမြို့အမှတ်(၄)ယာဉ်ထိန်း ရဲဒုတပ်ဖွဲ့ခွဲ့မှူးရုံးတွင် ရဲမှူးသာဌေးနှင့် မီဒီယာများတွေ့စုံစဉ် ရဲမှူးသာဌေး ကမီဒီယာများကိုပြောသည်။

“စည်းကမ်းနဲ့မညီ စီနှင်းလို့ ဆို်င်ကယ်အဖမ်းခံရသူတွေ တရားရုံးမှာ ဒဏ်ငွေဆောင်ပြီး ချလန်စာရွက်နဲ့ ဆိုင်ကယ်လာထုတ်တဲ့အခါ ဆိုင်ကယ်စီးဦးထုပ်တွေ အခမဲ့ ပေးဝေသွားမယ်” ဟု ရဲမှူးသာဌေးက မဇ္ဈိမသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအနေနှင့် ဆိုင်ကယ် အက်စီဒင့်ဖြစ်လျှှင် ထိခိုက်နာကျင်မှု နည်းနိုင်ရန်အတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံထုတ် ဆိုနစ် ဆိုင်ကယ်စီးဦးထုပ် တစ်လုံး ၉၅၀၀ ကျပ်ဖြင့် စုစုပေါင်းဆိုင်ကယ်စီး ဦးထုပ်ပေါင်း ၁၀၀၀ အတွက် ငွေကျပ် ၉၅ သိန်း ထောက်ပံ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့က မကွေးမြို့ဗိုလ်ချုပ်လမ်းတွင် စည်ကမ်းနှင့်မညီသည့် ဆိုင်ကယ်များဖမ်းဆီးခဲ့ရာ (၅၂)စီး ဖမ်းဆီးရမိခဲ့သည်ဟု ရဲမှူးသာဌေးက ပြောသည်။

“ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဆိုင်ကယ်စီးဦးထုပ်ကို အဓိကဖမ်းတာပါ၊ ဆို်င်ကယ်စီးဦးထုပ်မပါလို့ အဖမ်းခံရပြီ ဆိုရင်တော့ ယာဉ်မောင်းလိုင်စင် ဆိုင်ကယ်လိုင်စင်တွေကိုပါ စစ်ဆေး ဖမ်းဆီးရပါတယ် ၊မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ထောက်ပ့ံငွေ(၉၅)သိန်းကျပ်နဲ့ ဆိုင်ကယ်စီးဦးထုပ် အလုံးတစ်ထောင် အခမဲ့ပေးဝေပြီး ကုန်သွားလျှင် နောက်ထပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားမည်ဖြစ်ပါတယ်”ဟု  ရဲမှူးသာဌေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly