ခုခံအားကျဆင်းမှုရောဂါ ဘယ်လိုကူးစက်လဲ

ခုခံအားကျဆင်းမှုရောဂါ ဘယ်လိုကူးစက်လဲ

ရေးသားသူ Dr. Zin Thu Thu Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

HIV ရောဂါပိုးသည် ခန္ဓာကိုယ်ရှိ အရည်များမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ဥပမာ – သွေး၊ သုတ်ရည်၊ သုတ်မလွှတ်ခင် ထွက်သော အရည်၊ စအိုမှ အရည်၊ ယောနိမှ အရည်နှင့် နို့ရည်တို့ ဖြစ်ပါသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို အတူတကွ သုံးစွဲခြင်း တို့သည် ရောဂါပိုး ကူးစက်နိုင်သော အခြေအနေများ ဖြစ်ပါသည်။

အောက်ဖော်ပြပါ အချက်များရှိလျှင် ရောဂါပိုး ကူးစက်နိုင်ခြေများပါသည်။

အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ (ပုံမှန် အတိုင်းဖြစ်စေ၊ ပါးစပ်နှင့် လိင်ဆက်ဆံသည် ဖြစ်စေ) ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံပါက ရောဂါပိုး ကူးစက်နိုင်ပါသည်။ ထို့အပြင် လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုပါက သို့မဟုတ် မိမိဆက်ဆံသော အမျိုးသားက တခြားသော အမျိုးသား တစ်ယောက်နှင့် ထပ်၍ လိင်ဆက်ဆံပါက ရောဂါပိုး ပို၍ ကူးစက်နိုင်ပါသည်။

HIV ရောဂါသည် လိင်ဆက်ဆံခြင်းမှ အဓိက ကူးပါသလား။ ကူးပါသည်။ အဘယ်ကြောင့်ဆိုသော် ရောဂါပိုးမွှားများရှိသော အရည်သည် ယောနိ၊ ပါးစပ်တွင် အနာရှိလျှင် ကာလသား ရောဂါရှိလျှင် ကူးနိုင်ပါသည်။ မိန်းကလေးများသည် ပို၍ ကူးစက်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိန်းမအင်္ဂါများသည် ပို၍ပါးသောကြောင့် ဖြစ်ပါသည်။

ပါးစပ်နှင့် လိင်ဆက်ဆံခြင်းသည် ကူးစက်နို်င်ခြေ နည်းပါးပါသည်။ သို့သော် ပါးစပ်ထဲသို့ ရောဂါရှိသူ၏ သွေး၊ သုတ်ရည်နှင့် တခြား အရည်များ ဝင်လျှင် ရောဂါဖြစ်နိုင်ပါသည်။ လိင်ဆက်ဆံရေး လမ်းကြောင်းတွင် အနာများရှိလျှင် ကူးစက်နိုင်ပါသည်။

ပါးစပ်တွင် အနာရှိခြင်း၊ သွားဖုံး သွေးယိုခြင်း၊ လိင်အင်္ဂါ အနာဖြစ်ခြင်း ကာလသားရောဂါ ရှိခြင်းသည် ပါးစပ်နှင့် လိင်ဆက်ဆံသော်လည်း ကူးစက်နိုင်ပါသည်။

ဆေးအလွဲသုံးစားလုပ်ခြင်း၊ ဆေးသုံးခြင်းသည် တိုက်ရိုက် မသက်ဆို်င်သော်လည်း ဆေးထိုးခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးစားခြင်း၊ ဆေးရှူခြင်းများသည်လည်း   ရောဂါဖြစ်ပွားမှုနှုန်းကို မြင့်တက်နိုင်ပါသည်။ ထို အခြင်းအရာများသည် လိင်ဆက်ဆံခြင်းကို အားပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုနှုန်း များပြားနိုင်ပါသည်။ ဆေးထိုးအပ်ကို မျှ၍သုံးခြင်း တခြားသော ထိုးဆေးများကို သုံးခြင်းသည် HIV ရောဂါ ဖြစ်ပွားမှု ပို၍ များပြားစေပါသည်။

ထို့အပြင် လူတစ်ဦး၏ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါသည်။ ခုခံအား ကျဆင်းခြင်းကြောင့် ရောဂါပိုး ပြန့်ပွားမှုကို ပို၍ မြန်ဆန်စေပါသည်။ ဆေးတိုးမှုနှုန်းကို လျော့ကျစေပါသည်။

တက်တူးထိုးခြင်း၊ အပေါက်ဖောက်ခြင်းသည်လည်း မသန့်ရှင်းသော အပ်ကို အသုံးပြုပါက ရောဂါပိုး ကူးစက်နိုင်ပါသည်။

သွေး၊ သုတ်ရည်၊ မိန်မကိုယ်အင်္ဂါ အရည်၊ အနာများမှလည်း ကူးနိုင်ပါသည်။

မိခင်မှလည်း ကူးစက်နိုင်ပါသည်။ရောဂါပိုးရှိသော မိခင်မှ မွေးသော ကလေးများသည်လည်း ရောဂါပိုး ကူးစက်နိုင်ပါသည်။

အသက် ၁၃ နှစ်အောက် ကလေးများသည် မိခင်များမှ ရောဂါပိုးကူးခြင်း ဖြစ်ပါသည်။

ခုခံအားကျဆင်းခြင်းရောဂါ AIDS သည် HIV ရောဂါပိုးမှ ကူးစက်တတ်ပါသည်။ ဆေးသုံးလျှင်၊ အကာအကွယ် မပါဘဲ ကာမ ဆက်ဆံလျှင်၊ ပိုးရှိသော မိခင်မှတစ်ဆင့် ကလေးကို ကူးနိုင်ပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags