မူဝါဒသစ်ကြောင့် အနာဂတ်တွင် Brand New ကားစျေးကွက်အားကောင်းလာနိုင်

မူဝါဒသစ်ကြောင့် အနာဂတ်တွင် Brand New ကားစျေးကွက်အားကောင်းလာနိုင်

(မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းနှင့် တွေ့ဆုံခြင်း)

"လက်ရှိကတော့ ချက်ချင်း မပြောင်းလဲဘူးဆိုတာက မြန်မာလူမျိုးတွေကတော့ အစွဲအလမ်းကြီး တာကြောင့် ချက်ချင်းမပြောင်းလဲနိုင်ဘူး။ သို့သော်လည်း ချက်ချင်းမပြောင်းလဲဖူးဆိုတာတောင်မှ ကျွန်တော်တို့ကတော့ တပတ်ရစ်ကားရော၊ အသစ်ရော ရောင်းနေတာဖြစ်တာကြောင့် ၀ယ်ယူသူတွေကတော့ အသစ်ဘက်ကို လက်ခံလာတယ်"

မေး။ ၂၀၁၈မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဟာ ကားစျေးကွက်ကို ကြီးမားတဲ့သက်ရောက်မှုရှိနိုင်မလား။ ဘာကြောင့်လဲ။

ဖြေ။ ကားတင်သွင်းမှုနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်လာတယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကတော့ ညာကပ်မောင်းစနစ်ဆိုပေမယ့်လည်း ကျွန်တော်တို့တွေကလည်း ညာမောင်းကားတွေပဲကို တင်သွင်းပြီးတော့ စီးဆင်းနေတယ်။ 95 ရာခိုင်နှုန်းက ညာမောင်းကား တွေဖြစ်ပြီးတော့မှ အဓိကကားဖြင့် ဂျပန် နိုင်ငံက တင်သွင်းပြီးတော့ သုံးနေတယ်။ ဒါနဲ့ပဲ ယဉ်ပါးနေတာ နှစ်ပေါင်းများစွာကြာပြီ။

မေး။ မေ်ာတော်ယာဉ်စျေးနှုန်းပိုုင်းမှာလည်း သိသိသာသာမြင့်တက်မှုတွေ ဖြစ်လာခဲ့တယ်။ နောက်ပိုုင်း ပြည်တွင်းမှာ ဘယ်လိုကားမျိုးတွေက စျေးကွက်နေရာရလာမယ် ထင်လဲ။

ဖြေ။ လက်ရှိအနေအထားကတော့ မြန်မာပြည်ရဲ့ ထုံးစံအရတော့ အပြောင်းအလဲတွေအရ ညာမောင်းကားတွေ တင်သွင်းလို့ မရတဲ့အတွက် ညာမောင်းကားတွေ စျေးတက််နိုင်တယ်ဆိုပြီးတော့ လက်ရှိမှာတော့ ကားအရောင်း အဝယ်လုပ်တဲ့သူတွေက ၀ယ်ယူပြီးစုဆောင်းတာပါ။ သုံးစွဲသူတွေအနေနဲ့ ထွက်ပြီးတော့ ၀ယ်တာမျိုးမရှိပါဘူး။ အဲလိုသဘောနဲ့ကားစျေးတော့ နည်းနည်းတက်သွားတယ်။

ပြည်တွင်းမှာက ထုတ်နေတဲ့ Brand News ကားထုတ်တဲ့ဟာပေါ့နော်။ ဆူဇူကီး၊ နစ်ဆန်း၊ ဖို့ဒ် ၊ KIA အစရှိသဖြင့် ဒီကုမ္ပဏီတွေရှိတော့ သူတို့ရဲ့ ရောင်းတဲ့ ကားစျေးနှုန်းက လည်း သိန်း 230 ကျော်ဆိုရင် ၀ယ်လို့ ရတယ်။ ကားစျေးတက်ရင် ဘယ်လောက်အထိ တက်မလဲ ဆိုတာပေါ်မှာလည်း မေးစရာရှိတယ်။ တကယ်တမ်းလက်ရှိ ကားစျေးကလည်း လက်ရှိ တက်နေတဲ့ နှုန်းထက်စာရင်တော့ ထက်ပြီး တက်ဖို့တော့ မမြင်ပါဘူး။ သုံးစွဲတဲ့သူတွေက ပြောင်းလဲသုံးစွဲသွားမယ် ထင်ပါတယ်။ လက်ရှိကတော့ ချက်ချင်း မပြောင်းလဲဘူးဆိုတာက မြန်မာလူမျိုးတွေကတော့ အစွဲအလမ်းကြီး တာကြောင့် ချက်ချင်းမပြောင်းလဲနိုင်ဘူး။ သို့သော်လည်း ချက်ချင်းမပြောင်းလဲဖူးဆိုတာတောင်မှ ကျွန်တော်တို့ကတော့ တပတ်ရစ်ကားရော၊ အသစ်ရော ရောင်းနေတာဖြစ်တာကြောင့် ၀ယ်ယူသူတွေကတော့ အသစ်ဘက်ကို လက်ခံလာတယ်။

မေး။ ဒါဆိုရင် ပြည်ပက တပတ်ရစ်ကား တင်သွင်းမှုပိုင်းကရော ပျောက်သွားမလား။

ဖြေ။  ပြည်ပ တင်သွင်းမှုကလည်း ဆက်ရှိနေအုံးမှာပဲ။ နောက်တစ်ခုက စျေးနှုန်းအရ ပြောရင်တော့လည်း တရုတ်တို့ ကိုရီးယားတို့ ကားတွေနဲ့ကလည်း လက်ရှိ စျေးနှုန်းသက်သာမှုရှိပါတယ်။ သို့သော်လည်း ပြည်သူတွေအနေနဲ့က ဒါကို သိပ့်ပြီး ကြိုက်နှစ်သက်မှု မရှိသေးဘူး။ အရည်အသွေးပိုင်း မှာတော့ ဂျပန် ဒိုမက်စတစ် used ကို နှစ်ပေါင်းများစွာ သုံးလာတဲ့အတွက်ကြောင့်မို့လို့ ချက်ချင်း လက်မခံသေးတာပါ။ နောက်ပိုင်းကျရင်တော့ ဒီအပြောင်းအလဲကို ဆက်ပြီး လက်ခံသွားမယ့် အနေအထားရှိပါတယ်။

မေး။  ပြည်တွင်းမှာ ထုတ်လုပ်တပ်ဆင်တဲ့အပိုင်းကရော အားကောင်းလာနိုင်မလား၊ ဘယ်လိုထင်လဲ။

ဖြေ။  လက်ရှိလည်း ပြည်တွင်းမှာတော့ ကုမ္ပဏီ ရ ခု၊ ၈ ခုလောက် ထုတ်နေတယ်။ နောက်ထပ်လည်း ထပ်ထုတ်ဖို့ တာစူနေတာ ရှိပါတယ်။ ဒါလည်း အပြန်အလှန်ပါပဲ။ လူတွေကတော့ မေးတာပေါေ့နာ်။ ပြည်တွင်းမှာ ဘယ်လောက်ထုတ်လို့ လဲ မေးတယ်။ ပြည်တွင်းမှာ ကားထုတ်တယ်ဆိုတာလည်း အဲလူတွေ ရပ်တည်ဖို့အတွက် အစိုးရက မူဝါဒခိုင်မာ ပြဌာန်းဖို့လိုတာပေါ့။ လက်ရှိ ထုတ်လုပ်နေတဲ့လူတွေတောင်မှ အရုံးပေါ်နေတာကို ကားအစီးရေ က လက်ရှိ ပြည်တွင်းမှာ ရောင်းရပါတယ်ဆိုတဲ့ ကုမ္ပဏီတောင်မှ တစ်နှစ်မှာ အစီးရေ သုံံး၊ လေးထောင်ဆိုတာ ရီစရာကြီးပေါ့၊ တကယ်တမ်းကြတော့။ ကားအစီးရေ တင်သွင်းမှုက တစ်နှစ်ကို တစ်သိန်းနဲ့ တစ်သိန်းခွဲကြား ရှိတဲ့ အချိန်မှာ Brand News ရောင်းအားက တစ်နှစ်မှာ သုံး၊ လေးထောင်လောက်ရှိတယ်။ စုစုပေါင်းရောင်းချမှုရဲ့ ၂ ရာခိုင်နှုန်းအောက်ပဲရှိတာကြောင့်  ပြည်တွင်းထုတ်လုပ်မှု ရပ်တည်နိုင်အောင် လုပ်ငန်းကြီးထွားလာအောင်လုပ်ပါလားဆိုတော့ သူတို့က ငွေရင်းပြီး လုပ်မယ့်အတွက် ကြောင့်မို့လို့ အစိုးရ ပေါ်လစီကို အရင်ပြင်ပေးမှ ရမယ်။ ငွေရင်းပြီး အရှုံးခံထိုင်စောင့်နေမှာလားဆိုတာတော့ မဖြစ်နိုင်ဘူး။

မေး။  မြန်မာနိုင်ငံလို ဒေသတွင်းနိုင်ငံတွေထဲမှာ တစ်ဦးချင်း ကားပိုင်ဆိုင်မှု နည်းပါးနေသေးတဲ့ အချိန်မှာ ကားတင် သွင်းမှု မူဝါဒပိုင်းမှာ တင်းကြပ်လာတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။ ဌာနဆိုင်ရာကို အသင်းအနေနဲ့ တင်ပြထားတာမျိုးရှိလား။

ဖြေ။ ရန်ကုန်မှာပဲ ကားကြပ်တော့ မူဝါဒတွေ တင်းကြပ်တယ်။ တဖက်မှာလည်း အခွန်နှုန်းတွေက များနေတယ်။ ကျွန်တော်တို့ဆိုရင် အခွန်နှုန်းက 165 ပတ်ဝန်းကျင်လောက်ရှိတော့ နယ်လိုင်စင်အတွက်ကို သီးခြား အခွန်နှုန်း သတ်မှတ်ပေးရင်တော့ ပိုပြီးတော့ သင့်တော်မယ်ပေါ့။ မဟုတ်ရင် နယ်မှာကြတော့ ထော်လဂျီနဲ့ ဆိုင်ကယ်ပဲ သုံးတယ်။ ၀ှစ်သောက်ကားတွေ သုံးနေတယ်ပေါ့နော်။ ဒါတွေ တင်ပြတော့ ကျွန်တော်တို့ ၀န်ကြီး အနေနဲ့ ဒါကို စဉ်းစားပေးမယ်။ အသေးစိတ်ပြန်တင်ပြပါပြောတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မြင်တာကိုတော့  နယ်တွေ အတွက်ကို ပြောတာ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကတော့ ဒါဆိုရင် နယ်လိုင်စင်ကိုလည်း ရန်ကုန်မြို့ အဝင်ကို ပြန်ပြီးတော့ ဘီးခွန်မြှင့်တာတို့ ပြန်ပြီးတော့ စီစဉ်နေတယ်ဆိုတော့ ဒါတွေကို ပြန်ပြီး ချိတ်ဆက်ပြီးတော ့ တကယ်တမ်း နယ်လိုင်စင်နဲ့ ရန်ကုန်မှာ စီးတာမျိုးမဟုတ်ပဲနဲ့ နယ်မှာစီးမယ့် ကားတွေ အတွက်ကို သက်သာတဲ့ အခွန်နှုန်းပေးမယ်ဆိုရင် နယ်က ပြည်သူတွေအတွက်ကို အဆင်ပြေစေနိုင်မယ့် နည်းလမ်းလို့ ကျွန်တော်တို့ တင်ပြတာပါ။ မူအားဖြင့်တော့ လက်ခံပါတယ်။ အသေးစိတ်တော့ ပြန်ပြီးတော့ ညှိနှိုင်းရမယ့် သဘောတော့ ရှိပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly