မြန်မာနိုင်ငံ၏ပထမဆုံးသော Myanmar Employer Awards 2017 ပွဲကြီးတွင် ပါ၀င်ယှဉ်ပြိုင်ကြသော ကုမ္ပဏီများကို ပြည်တွင်းပြည်ပမှ အကဲဖြတ်ဒိုင် ၁၁ ဦးက အမှတ်ပေးအကဲဖြတ်သည့် လုပ်ငန်းစဉ် ကို လုပ် ဆောင် ခဲ့ကြသည်။ မြန်မာနိုင်ငံတွင်အကောင်းဆုံးသော အလုပ်လုပ်ကိုင်ရန်နေရာကောင်းများနှင့် အလုပ်ရှင်များက ၎င်းတို့၏ ခေါင်းဆောင်မှုကောင်းများ ကို ဖော်ပြနိုင်ရန်အတွက် မြောက်များစွာသော ဆုနေရာများကို လျောက်လွှာများ တင်၍ လျောက်ထားခဲ့ကြသော ကုမ္ပဏီများကို အကဲဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့လျောက်ထားရာတွင် ပြည်တွင်း ကုမ္ပဏီ ၂၁ ခုမှ ဆုနေရာပေါင်း ၈၃ နေရာအတွက် ၎င်း၊ နိုင်ငံတကာ ကုမ္ပဏီ ၂၀ ခန့်က ဆုနေရာပေါင်း ၅၀ ခန့်အတွက်၎င်း စုစုပေါင်း ၁၃၃ နေရာအတွက် အသီးသီးပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။
“ဒီနောက်ဆုံးအကဲဖြတ်စိစစ်ရေးပြီးရင် ဆုရတဲ့ ကုမ္ပဏီတွေထွက်လာတော့မှာပါ။ မြန်မာပြည်ရဲ့ တိုးတက်လာတဲ့ စီးပွားရေးအခြေအနေနဲ့ အတူ ကုမ္ပဏီတွေရဲ့ ကဏ္ဍဟာလည်းအရေးပါလာတာကြောင့် ခုလို Myanmar Employer Awards ကိုစီစဉ်ရတာပါ။ ဒိုင်တွေကလည်း မျှမျှတတစိစစ်နေပြီးတော့ အကောင်းဆုံးကုမ္ပဏီတွေပေါ်ထွွက်လာတော့မှာပါ။ အနုုိင်ရတဲ့့ ကုမ္ပဏီတွေကို မကြာခင်ကြေညာပေးသွားမှာဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့ညမှာ ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။”ဟု Jobnet.com.mm ၏ မန်းနေးဂျင်းဒါရိုက်တာ Matt De Luca ကပြောသည်။
အကဲဖြတ်ဒိုင်တစ်ဦးဖြစ်သည့် MAX Myanmar Holding ၏ လူ့စွမ်းအား အရင်းအမြစ်ဌာနညွှန့်ကြားရေးမှူးဖြစ်သူ ဦးဉာဏ်တိုးကလည်း “ အကဲဖြတ်ဒိုင်အနေနဲ့ ပါဝင်ခဲ့တာကတော့ ဒီလိုထူးခြားတဲ့ ပထမဆုံး အကောင်းဆုံးအလုပ်ရှင်ဆုပေးပွဲရဲ့ အတွေ့အကြံုကိုလိုချင်လို့ပါ။ Myanmar Employer Awards ဟာ ကုမ္ပဏီတွေရဲ့ ဂုဏ်သိက္ခာကို အကဲဖြတ်တဲ့ ပွဲဖြစ်တဲ့အတွက် အလွန်ပဲ အရေးကြီးပါတယ်။” ဟု ပြောကြားသည်။
ကုမ္ပဏီများ
Myanmar Employer Awards အတွက် လျောက်လွှာတင်ခဲ့သောကုမ္ပဏီများသည် အစားအသောက်နှင့် အဖျော်ယမကာ လုပ်ငန်း၊ခရီးသွား လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ FMCG ၊ ဖြန့်ချီရေးလုပ်ငန်းများ၊ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းများ၊ ဘဏ်များ၊ ဥပဒေအကျိုးဆောင်လုပ်ငန်းများ၊ ဆေးဝါးလုပ်ငန်းများ၊ ပညာရေးနှင့် သင်တန်းကျောင်းများ၊ နိုင်ငံအသီးသီးမှ ကုန်သည်အသင်းများ၊ လျှပ်စစ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီများ၊ဆေးကုသမှုဝန်ဆောင်မှုလုပ်ငန်းများစသည့် များပြားလှသော ကဏ္ဍများအတွက် လျောက်လွှာ ဖောင်များတင်ခဲ့ကြသည်။
အကဲဖြတ်လုပ်ငန်းစဉ်
အကဲဖြတ်လုပ်ငန်းစဉ်ကို နိုင်ငံတော်သမ္မတ၏ အကြံပေးဟောင်းလည်းဖြစ်၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာကျွမ်းကျင်သူလည်း ဖြစ်သော ဆရာကြီး ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ဦး ဆောင် သည်။ ဆရာကြီး သည် အခြား သော အကဲဖြတ်ဒိုင်များ ကိုဦးဆောင်၍ ပွင့်လင်းမြင်သာပြီး တရားမျှတသော အကဲဖြတ်လုပ်ငန်းစဉ်များကိုလုပ်ဆောင်မည်ဖြစ်သည်။
Myanmar Employer Awards အတွက် ပလက်တီနမ်စပွန်ဆာများဖြစ်ကြသော Luther ဥပဒေအကျိုးဆောင်အဖွဲ့၊ Wall Street English တို့နှင့် ရွှေစပွန်ဆာများအဖြစ် Samsung and Power House Fitness Club တို့က ပံ့ပိုးပေးထားသည်။ ထို့အပြင် အထောက် အကူပြုစပွန်ဆာအဖြစ် မြန်မာနိုင်ငံ ဗြိတိန်ကုန်သည်ကြီးများအသင်းက ပါ၀င်ပေးထားသည်။ ပွဲနေရာ ထိုင်ခင်း စပွန်ဆာ အဖြစ် ဆူးလေ ရှန်ဂရီလာ ဟိုတယ်မှ ထောက်ပံ့ပေးထားပြီး Verifying ပါတနာအဖြစ် Deloitte Touche Myanmar ကပါ၀င်ကူညီပေး ထားသည်။
Myanmar Employer Awards ဆိုသည်မှာ
Myanmar Employer Awards သည် အကောင်းဆုံးသောလုပ်ငန်းရှင်များနှင့် ပင်ကိုယ်စွမ်းရည် စီမံခန့်ခွဲမှုများအပေါ် ၎င်းတို့၏သူမတူစွမ်းရည်များနှင့် ကတိက ၀တ်များ ဖြည့်ဆည်းမှုအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နယ်ပယ် အသီးသီး ရှိ အလုပ်ရှင်များ ကို ဆုများချီးမြှင့်ခြင်းဖြစ်သည်။
နိုင်ငံတကာနှင့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ အလုပ်သမားများကို အကောင်ဆုံးစောင့်လျောက်နိုင်မှု၊ အလုပ်အကိုင်ပေးနိုင်မှု၊ ဆွဲဆောင်နိုင်မှု၊ စသောအလေ့အကျင့်ကောင်းများအတွက် ၎င်းတို့ကိုယ်တိုင်ကိုယ်ကျ အစီစဉ်များချမှတ်ဆောင်ရွက်ခြင်းအတွက် လွတ်လပ်မျှတစွာဆုံးဖြတ်မည့် ငါးလကြာအစီအစဉ်တစ်ခုဖြစ်သည်။ ဆုရွေးချယ်ရာတွင် နောက်ဆုံးကျန်ရှိသည့် ကုမ္ပဏီများစာရင်းကို နို၀င်ဘာလအတွင်း ကြေငြာပေးသွားမည်ဖြစ်ပြီး လာမည့်ဒီဇင်ဘာလ ၉ ရက်နေ့ညတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ခမ်းနားစွာ ကျင်းပပေးသွားမည်ဖြစ်သည်။ အဆိုပါ Myanmar Employer Awards ကို JobNet.com.mm က ဦးဆောင် ကျင်းပခြင်းဖြစ်သည်။
ဆုအားဖြင့် ကဏ္ဍ ရ မျိုးအတွက် ပထမ၊ ဒုတိယ၊ တတိယ ဆုများချီးမြှင့်သွားမည်ဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများကို ခွဲခြား၍ ဆုချီးမြှင့်သွားမည်ဖြစ်သောကြောင့် ဆုပေါင်း ၄၂ ခုရှိမည်ဖြစ်ပြီး ထိုအထဲမှာ အကောင်းဆုံး ပြည်တွင်း ကုမ္ပဏီအတွက် ဆုတစ်ခု၊ အကောင်းဆုံး ပြည်ပကုမ္ပဏီအတွက် ဆုတစ်ခု ထပ်ပေါင်းထည့်ထားသောကြောင့် စုစုပေါင်း ဆု အရည်အတွက် ၄၄ ခုဖြစ်မည်။
JobNet.com.mm အကြောင်း
JobNet.com.mm ဟာမြန်မာ့ဦးဆောင်ရှေ့ပြေး အွန်လိုင်းအလုပ်အကိုင်ဝဘ်ဆိုဒ်ကြီးတစ်ခု ဖြစ်ပြီး လစဉ် ဝင်ရောက် ကြည့်ရှု့သူပေါင်း ၄ သိန်းကျော်ရှိပြီး အလုပ်လျှောက်လွာပေါင်း ၆ သောင်းကျော် ရရှိသော ဝဘ်ဆိုဒ်ကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိကြီးမားသောအလုပ်သမားခေါ်ယူသူများအနေနဲ့ လည်း JobNet အားအဓိကထား အားကိုးအသုံးပြုနေ ကြပြီဖြစ်ပါတယ်။ JobNet အနေနဲ့လည်း မြန်နှုန်းမြင့်တိုးတက်မှုဖြင့် မြန်မာ နိုင်ငံဈေးကွက်အတွင်းရှိ အရည်အသွေး မြင့် ကျွမ်းကျင်အဆင့်ရှိ အလုပ်သမားရှာဖွေရာမှာ အဆင့်မြင့်ပြီး အကောင်း မွန်ဆုံးဝဘ်ဆိုဒ် အဖြစ်ပိုမိုရှင်း လင်း သိသာ လာစေခဲ့ပြီဖြစ်ပါတယ်။