ဘာစီလိုနာနဲ့ ပွဲ ၆၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ လီယွန်နယ်မက်ဆီ

ဘာစီလိုနာနဲ့ ပွဲ ၆၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ လီယွန်နယ်မက်ဆီ

နိုဝင်ဘာ ၅၊ စပိန် ။              ။ ဘာစီလိုနာအသင်းက ဆီဗီလာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီဟာ ဘာစီလိုနာနဲ့ ပွဲ ၆၀၀ ပြည့်မြောက်သွားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ မက်ဆီဂိုးမသွင်းနိုင်ပေမယ့် ဘာစီလိုနာကတော့ အယ်လ်ကာဆာရဲ့သွင်းဂိုးတွေနဲ့အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ရည်တည်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့အတူ ပွဲ ၆၀၀ ကစားခဲ့တဲ့ မက်ဆီဟာ ၅၂၃ ဂိုးအထိသွင်းယူပေးခဲ့ပြီး ဆုဖလားပေါင်း အခု ၃၀ ရရှိခဲ့ပါတယ်။ ပွဲပေါင်း ၄၂၆ ပွဲအနိုင်ရခဲ့ပြီး ၁၀၅ ပွဲသရေကျကာ ၆၉ ပွဲ ရှုံးခဲ့ပါတယ်။ ဖန်တီးမှုပေါင်း ၁၉၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာမှာ မက်ဆီထက်ပိုပြီး ပွဲထက်ကစားထားသူတွေက ဇာဗီ(၇၆၇ ပွဲ)နဲ့ အင်နီယေစတာ (၆၄၂ ပွဲ)တို့ ဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ငယ်စဉ်ကတည်းက ကစားခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းကြီးမှာ ကျောနံပါတ် ၃၀၊ ၁၉ နဲ့ ၁၀ သုံးခုကို ၀တ်ဆင်ခဲ့ပါတယ်။ ကျောနံပါတ် ၃၀ နဲ့ ၂၃ ပွဲ၊ ကျောနံပတ် ၁၉ နဲ့ ၈၇ ပွဲ၊ ကျောနံပါတ် ၁၀ နဲ့ပွဲ ၄၉၀ ကစားခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၅ ကြိမ်ရခဲ့ပြီး ဥရောပရွှေဖိနပ်ဆုကို ၄ ကြိမ် ရရှိခဲ့ပါတယ်။

ရည်ညွှန်း အောဖွတ်ဘော

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required