သင့်အတွက် အလက်ဂျစ် ဖြစ်နိုင်သော အံ့သြစရာ ၉ မျိုး

သင့်အတွက် အလက်ဂျစ် ဖြစ်နိုင်သော အံ့သြစရာ ၉ မျိုး

ရေးသားသူ Dr. Hlaing Min Ko Ko
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

သင့်အတွက် အလက်ဂျစ် ဖြစ်နိုင်သော အံ့သြစရာ ၉ မျိုး

ထူးဆန်းနေပုံရသော်လည်း အောက်ပါ ၉ မျိုးသည် တစ်စုံတစ်ယောက်အတွက် အလက်ဂျစ် ဖြစ်စေသည့် တကယ့် အကြောင်းရင်းများပင် ဖြစ်သည်။

၁။ တွားသွားသတ္တဝါများ

ခွေးများ၊ ကြောင်များ သို့မဟုတ် တခြားသော အမွှေးပွသည့် တိရိစ္ဆာန်များကြောင့် အလက်ဂျစ် ဖြစ်တတ်ကြောင်းမှာ ထူးဆန်းသည် မဟုတ်ပါ။ သို့သော် အလက်ဂျစ် ဖြစ်ရခြင်း၏ နောက်ကွယ်၌ တွားသွားသတ္တဝါများလည်း ပါနေပါသည်။ သင်၏ ကိုယ်ခံအားစနစ်သည် တွားသွားသတ္တဝါများ၏ အရေပြားတွင်ပါသော နည်းပါးသည့် ပရိုတင်းကိုပင် ဆိုးဝါးကြောင်းကို ခံစားမိနိုင်သည်။ ထို့ကြောင့် ထိမိပြီဆိုပါက မျက်လုံး ယားယံခြင်း၊ နှာစေးခြင်း သို့မဟုတ် ပန်းနာရင်ကျပ် ကဲ့သို့သော အလက်ဂျစ် လက္ခဏာများ ဖြစ်လာစေနိုင်သည်။

၂။ လေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်းကြောင့်ဖြစ်သည့် ဓာတ်မတည့် ဖြစ်စဉ်နှင့် လေ့ကျင့်ခန်းကြောင်း ပန်းနာရင်ကျပ်ကို ခွဲခြားရန် ခက်နိုင်သည်။ သို့သော် လေ့ကျင့်ခန်းကြောင့် ဖြစ်သည့် ဓာတ်မတည့်မှု ဖြစ်စဉ်သည် အလက်ဂျစ် ထခြင်းတစ်မျိုး ဖြစ်ပြီး လေ့ကျင့်ခန်း မလုပ်ခင် သင်စားလိုက်သည့် အစာကြောင့် ဖြစ်နိုင်သည်။ အစာကြောင့်ချည်း သက်သက် အလက်ဂျစ် ဖြစ်တတ်သော လူများနှင့်စာလျှင် လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် ဓာတ်မတည့်မှု ဖြစ်တတ်သော သူများတွင် လေ့ကျင့်ခန်း မလုပ်ခင်အထိ ဘာလက္ခဏာမှ မပြတတ်ပါ။ လေ့ကျင့်ခန်း စလုပ်သည်နှင့် အရေပြားနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများသည် ဘယ်ကနေမှန်းမသိ ပေါ်လာတတ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးကို ပုံမှန်အားဖြင့် ပင်လယ်စာ၊ တရုတ်နံနံကြီးနှင့် ချိစ်တို့ကြောင့် ဖြစ်တတ်ပါသည်။ ထို့ကြောင့် သင်စားမည့်အရာကို သေချာဂရုစိုက်ပါ။

၃။ ပန်ကိတ်

အားလပ်ရက်များတွင် လုပ်စားတတ်သည့် ပန်ကိတ်ကို ပန်ကိတ်လုပ်သည့် အစာပလာ တစ်ခုခုမှ မတည့်တာ ပါလာမှသာလျှင် မစားဘဲနေပါ။ ဘယ်လိုပဲဖြစ်ပါစေ ပန်ကိတ်ကိုယ်တိုင်ကတော့ အလက်ဂျစ် မဖြစ်စေပါ။ “ပန်ကိတ်ရောဂါ (Pancake Syndrome)” ဟုခေါ်သည့် ဖြစ်စဉ်သည် ပန်ကိတ် အသင့်လုပ် အမှုန့်များနှင့်

တခြားပါဝင်ပစ္စည်းများ ထည့်ထားသည့် သေတ္တာများတွင် ရှိတတ်သော ဖုန်မှုန့်များကြောင့် ဖြစ်တတ်ခြင်း ဖြစ်ပါသည်။

၄။ ကွန်ဒုံးများ

ရာဘာ (Latex) ကို အလက်ဂျစ် ဖြစ်တတ်သူများ ကွန်ဒုံးကို သတိထားပါ။ ကွန်ဒုံးအား Latex များနှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

၅။ ချွေး

ပူနွေးစွတ်စိုသည့် အခြေအနေသည် သင့်ကို ချွေးအတော် ထွက်စေနိုင်ပြီး သင်သည်လည်း သင့်ချွေးကြောင့် အလက်ဂျစ် ဖြစ်နိုင်ပါသည်။ ထိုအလက်ဂျစ်မျိုးအား  cholinergic urticaria ဟု ခေါ်ပြီး ဘယ်ကမှန်းမသိ ပေါ်လာတတ်တာမျိုး ဖြစ်သည်။ လက္ခဏာများသည် အဖုသေးလေးများ ထခြင်းကနေ သိသာစွာ ယားယံခြင်းအထိ ဖြစ်နိုင်သော်လည်း ၎င်းတို့သည် သင်ချွေးတိတ်ပြီး အေးသွားသည်နှင့် အမြန်ပျောက်သွားပါလိမ့်မည်။

၆။ သိုးမွှေးချည်

သိုးမွှေးသည် သူ့သဘာဝအရကို ယားယံစေနိုင်သည်။ ဘယ်လိုပင် ဖြစ်ပါစေ၊ သိုးမွှေးချည် ထုတ်ပေးသည့် သိုးများမှ ထုတ်သော ဖယောင်းသည်လည်း သိုးမွှေးချည် အလက်ဂျစ် ရှိသူများအတွက် အလက်ဂျစ် ရှိနေနိုင်ပါသည်။

၇။ လက်ဝတ်ရတနာ

လက်ဝတ်ရတနာများကို ချစ်တတ်သည့် လူများအကြားတွင် ဖြစ်တတ်သော အလက်ဂျစ်သည် အရေပြား အလက်ဂျီပင် ဖြစ်ပြီး စျေးပေါသည့်ပစ္စည်းများမှ ဖြစ်ခြင်းပင်ဖြစ်သည်။ အရည်အသွေး နိမ့်သော လက်ဝတ် ရတနာများတွင် နီကယ်ပါတတ်ပြီး ဝတ်ဆင်လိုက်ပါက အရေပြားကို ယားပြီး နီလာစေတတ်ပါသည်။

၈။ အရက်

အရက်တွင် ဆာလ်ဖိုက်များ ပါတတ်ပြီး ၎င်းသည် ပန်းနာရင်ကျပ် ရှိသူများတွင် ရောဂါထအောင် လှုံ့ဆော်နိုင်သည်။ ပန်နားရင်ကျပ် လက္ခဏာများဖြစ်သော နှာရည်ကျခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ တရွှီးရွှီး မြည်ခြင်းတို့သည် အရက်ပါသော အရည်များကို သောက်ပြီးပြီးချင်း ပေါ်လာတတ်၏။

၉။ ဝတ်မှုန်ကူးထားသည့် အသီးများ

ဝတ်မှုန်ကူးထားသည့် အသီးများအား တစ်ကိုက်လောက် ကိုက်မိလျှင် ပါးစပ် သို့မဟုတ် နှုတ်ခမ်းတွင် ယားယံလာပါက အလက်ဂျစ် ဖြစ်တတ်သည့် သင့်အတွက် ထိုအသီးများကိုသာ အပြစ်တင်လိုက်ပါ။ ထို့အတူ သစ်ပင်မှ ဝတ်မှုန်များအား အလက်ဂျစ် ရှိသူများသည်လည်း ထိုဝတ်မှုန်ကူးထားသည့် သစ်သီး အလက်ဂျီနှင့် တူညီသော အလက်ဂျီမျိုး ရှိမည်ဖြစ်သည်။

သင့်၌ အလက်ဂျီ ရှိတတ်ပါက သင်ထိတွေ့နေရသည်များကို ဂရုပြုပါ။ အကယ်၍ အလက်ဂျီ တအားဆိုးလျှင် သို့မဟုတ် အလက်ဂျီကို ဖြစ်စေသည့် အကြောင်းရင်းကို ရှာမရလျှင် ဆရာဝန်ဆီမှ ဆေးပညာ အကူအညီနှင့် အကြံဉာဏ်များ ရယူပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly