ယောဂ နှင့် ကျန်းမာရေးအကျိုးအာနိသင်

ယောဂ နှင့် ကျန်းမာရေးအကျိုးအာနိသင်

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ယောဂဟာ ကိုယ်နေဟန်ထားတွေနဲ့ ဆက်စပ်နေတာကြောင့် သူ့ရဲ့ အကျိုးကျေးဇူးတွေဟာ ကိုယ်ခန္ဓာကိုပဲ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတဲ့ အယူအဆအများတွေ ရှိနေကြပါတယ် ။ဒါပေမယ့် ယောဂရဲ့ ကို်ယ်နေဟန်ထားတိုင်းဟာ ပိုမို လေးနက်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။

ဥပမာ – downward-facing dog posture ဟာ ကိုယ်ခန္ဓာကို အားအင်ပြည့်စေခြင်း၊ ဦးနှောက်ကို တည်ငြိမ်စေခြင်း၊ အစာခြေခြင်းကို တိုးတက်စေခြင်း၊ လက်၊ ခြေထောက်တွေကို ကျန်းမာသန်စွမ်းစေခြင်းတွေ ဖြစ်နိုင်ပါတယ်။ သူဟာ သွေးတိုးတတ်တဲ့သူတွေအတွက်လည်း အလွန်အကျိုးရှိပါတယ်။ ဒါအကုန်မဟုတ်သေးပါဘူး။ ယောဂကျင့်စဉ်ရဲ့ အသေးစိတ် လုပ်ကိုင်ပုံတစ်ခုစီဟာ ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုစီကို ဖေါ်ပြပါတယ်။ ဥပမာ ယောဂဟာ

ကိုယ်ခန္ဓာ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။

ကိုယ်ခန္ဓာနဲ့စိတ်ဟာ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာ မညီမျှမှုဟာ ကိုယ်ခန္ဓာကိုလည်း မညီမျှမှု ဖြစ်စေပါယတ်။ ဒါကို စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ရောဂါလို့ ခေါ်ပါတယ်။

ယောဂကျင့်စဉ်ဟာ ကိုယ်ခန္ဓာ အင်္ဂါအစိတ်အပိုင်းတွေကို နှိပ်ပေးပြီးတော့ သွေးလှည့်ပတ်မှု တိုးတက်စေပြီး ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ ဒါ့ပြင် ယောဂဟာ ပြန်ရည်ကြော စနစ်လည်ပတ်မှုကိုပါ တိုးတက်စေတာမို့ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေကို ကိုယ်ခန္ဓာအပြင်ကို စွန့်ထုတ်ပေးပါတယ်။

ဒီအကျိုးကျေးဇူးတွေဟာ ကိုယ်ခန္ဓာက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်ခံအား မြင့်တက်စေပါတယ်။

စိတ်ကြည်လင်စေပြီး စိတ်ဖိစီးမှု ပမာဏ လျော့ကျစေပါတယ်။

ယောဂကျင့်စဉ်တွေဟာ အသက်ရှူပုံကို အာရုံစိုက်တဲ့ တရားမှတ်နည်းအချို့ကို အသုံးပြုထားပါတယ်။ ဒီနည်းတွေဟာ စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှု လျော့ကျစေကာ သင့်ကို အပန်းပြေစေပါတယ်။ ဒါဟာ ဦးနှောက်ကို အောက်စီဂျင်ပမာဏ ပိုရောက်စေပြီး ပိုမိုပျော်ရွှင်စေကာ ဘဝကို ကျေနပ်မှုပိုမို ရရှိစေပါတယ်။ စိတ်ဖိစီးမှု ပမာဏကို လျှောချပေးတာမို့ စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

ဒဏ်ရာရနှုန်းကို လျော့ကျစေပါတယ်။

ပြေးခြင်းလိုမျိုး အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေဟာ အားပါပြီး လျင်မြန်တဲ့ လှုပ်ရှားမှုတွေ လိုအပ်ပါတယ်။ ဒါတွေကို လုပ်နိုင်ဖို့အတွက် အားအဆုံးထိ စိုက်ထုတ်ရတာကြောင့် ကြွက်သာ တင်းရင်မှုနဲ့ ဒဏ်ရာရရှိမှုတွေကို မြင့်တက်စေပါတယ်။ ယောဂဟာ ကိုယ်ခန္ဓာနဲ့ စိတ်ညီမျှမှုကို အဓိကထားပါတယ်။ သူဟာ ကြွက်သားတွေကို ညင်သာစွာ လှုပ်ရှားစေပြီး ဒဏ်ရာရမှုကို လျော့ကျစေတဲ့ အစွမ်း ရှိပါတယ်။

ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။

အဝလွန်ခြင်းဟာ နေ့စဉ်ဘဝရဲ့ မညီမျှမှုတစ်ခုကို ညွှန်ပြတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ကိုယ်အလေးချိန်တက်တာကို ဖြစ်စေတာကတော့ စိတ်ဖိစီးမှုက အဓိက ဖြစ်ပါတယ်။ ယောဂ ကစားခြင်းဟာ ကိုယ်ခန္ဓာနဲ့ စိတ်ကို အပန်းပြေစေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ပြီး မလိုချင်တဲ့ ကိုယ်အလေးချိ်န်တွေကို လျော့ကျလာပါလိမ့်မယ်

သွေးပေါင်ကျစေပြီး အသက်ရှူခြင်းကို ကူညီပေးပါတယ်။

နေ့စဉ် ယောဂကျင့်မယ်ဆိုရင် အသက်ပြင်းထန်စွာ ရှူခြင်းကြောင့် အဆုတ်ရဲ့ လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းဟာ တိုးတက်လာပါလိမ့်မယ်။ ဒါ့ပြင် ယောဂဟာ နှလုံးခုန်နှုန်းကို နှေးစေပြီး သွေးပေါင်ကျစေပါတယ်။ ဒါဟာ ကိုယ်ခံအားစနစ်ကို တိုးတက်စေပြီး ကော်လက်စထရောကို ကျဆင်းစေပါတယ်။

လေ့ကျင့်စဉ်တွေထဲက အကောင်းဆုံးကို ရယူပါ။

ယောဂဟာ တရားထိုင်သလိုမျိုး အကျိုးကျေးဇူးရှိပါတယ်။ ဒါပေမယ့် သင့်အဝတ်အစားတွေဟာ သက်တောင့်သက်သာ မရှိဘူးဆိုရင် အာရုံစိုက်ဖို့ ခက်ခဲပါလိမ့်မယ်။ မှန်ကန်တဲ့ ယောဂ အဝတ်အစားတွေဟာ သင့် အာရုံစူးစိုက်မှုကို ပိုကောင်းစေနိုင်ပါတယ်။

မှန်ကန်တဲ့ ယောဂအဝတ်အစားတွေ ရှာဖွေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

  • ယောဂကျင့်နေစဉ်မှာ သင့်ကိုယ်သင် downward dog (သို့) ပုံစံတူတစ်ခုမှာ နေနေတာကို သတိထားမိနို်င်ပါတယ်။ South Beach YogiWear တွေက အဝတ်အစားတွေကို သင့်တစ်ကိုယ်လုံးကို လုံခြံုစေပါတယ်။ ပိုမို သက်တောင့်သက်သာ စွာ လှုပ်ရှားနိုင်ပြီးတော့ ပွနေတာမျိုးတွေကိုလည်း မစိုးရိမ်ရတော့ပါဘူး
  • ယောဂဟာ အပန်းပြေစေတဲ့ လေ့ကျင့်မှုတစ်ခုဆိုပေမယ့် ကျင့်နေစဉ်မှာ ချွေးတွေထွက်လာတာကို တအံ့တသြ တွေ့ရမှာပါ။ ဒါ့ကြောင့် အဝတ်အစားတွေဟာ ချွေးစုပ်ယူမှသာ အမြန်ခြောက်သွေ့မှာပါ။ အခြားအကျိုးကျေးဇူးတစ်ခုကတော့ သူတို့ဟာ သင်ဆန့်ထုတ်စဉ် (သို့) ကွေးလိုက်စဉ်မှာ ကိုယ်မှာ ကပ်မနေစေပါဘူး။

ယောဂရဲ့ အကျိုးကျေးဇူးတွေဟာ အလွန်များပြားပါတယ်။ ဒါပေမယ့် ဒါတွေဟာ ပုံမှန်လေ့ကျင့်မှ ရရှိမယ်ဆိုတာကိုတော့ မမေ့လျော့သင့်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly